ယေဇကျေလ 7:22 - Common Language Bible22 ဋ္ဌားပြများသည်ငါ၏ဗိမာန်တော်သို့ အတင်းဝင်ရောက်ကာညစ်ညမ်းစေသော အခါငါသည်မျက်ကွယ်ပြုမည်။'' အခန်းကိုကြည့်ပါ။Garrad Bible22 မျက် နှာ တော် ငါ လွှဲ သ ဖြင့် ဓား ပြ တို့ သည် ငါ့ ရ တ နာ ဌာ န ကို ပင်၊ ဖောက် ထွင်း၍ မ သန့် အောင် ထား ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible22 ငါလည်း မျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ဓားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သူတို့ကို ငါမျက်နှာလွှဲထားသဖြင့် သူတို့သည် ငါမြတ်နိုးသောနေရာကို ညစ်ညူးစေကြမည်။ ဓားပြတို့သည်လည်း ထိုနေရာသို့ဝင်ရောက်၍ ညစ်ညူးစေကြမည်။ အခန်းကိုကြည့်ပါ။ |
``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-
ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-