ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။-
မဿဲ 27:2 - Common Language Bible ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။ Garrad Bible ချည် နှောင် ယူ သွား၍ ဘု ရင် ခံ ပိ လတ် မင်း ထံ ပို့ အပ် ကြ၏။ Judson Bible ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ်မင်းထံ အပ်နှံကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဆွေးနွေးပြီးသောအခါ ယေရှုကို ချည်နှောင်ကာ ရောမဘုရင်ခံ ပိလတ်မင်းထံသို့ ပို့ဆောင်၍ အပ်လိုက်ကြ၏။ မြန်မာ ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- |
ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။-
လူမျိုးခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ လူ မျိုးခြားတို့သည်လည်းလူသားကိုပြောင်လှောင် ပြီးလျှင် ကြိမ်ဒဏ်ပေးကာလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်မြောက် သောနေ့၌လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
အကယ်၍ထိုသတင်းကိုဘုရင်ခံမင်းကြားသိ သွားပါလျှင် သင်တို့အပေါ်တွင်အမှုမပတ်စေရန် သူ့အားငါတို့ဖျောင်းဖျပေးမည်'' ဟုဆိုကြ၏။
ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
ထို့ကြောင့်အခွင့်ကောင်းကိုစောင့်နေကြ၏။ သူတို့ သည်ကိုယ်တော်၏စကားတွင်အမှားကိုရှာပြီး လျှင် ကိုယ်တော်အားဘုရင်ခံမင်း၏လက်သို့ အပ်နိုင်ရန်သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုများကိုအထံတော်သို့စေလွှတ်ကြ၏။-
တရားလွှတ်တော်တစ်ဖွဲ့လုံးသည်ထ၍ကိုယ်တော် အား ပိလတ်မင်းထံသို့ခေါ်ဆောင်သွားကြ၏။-
ယခင်ကရန်သူဖြစ်ခဲ့ကြသည့်ပိလတ် မင်းနှင့်ဟေရုဒ်မင်းတို့သည် ထိုနေ့၌ပြန်၍ သင့်မြတ်သွားကြသတည်း။
ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
ထို့နောက်အန္နတ်မင်းသည်ကိုယ်တော်ကိုချည်နှောင် လျက်ယဇ်ပုရောဟိတ်မင်းကယာဖ၏ထံသို့ ပို့စေ၏။
လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
ဟေရုဒ်မင်းသည်ပေတရုကိုလူတို့ရှေ့သို့ ခေါ်ထုတ်စစ်ဆေးမည့်နေ့မရောက်မီည၌ ပေတရုသည်စစ်သားနှစ်ယောက်၏ကြားတွင် အိပ်ပျော်လျက်နေ၏။ သူ့ကိုသံကြိုးနှစ်ချောင်း ဖြင့်ချည်နှောင်ထား၏။ ထောင်တံခါးရှေ့တွင်လည်း အစောင့်တပ်သားများသည်စောင့်ကြပ်လျက် ရှိကြ၏။-
ထိုအခါတပ်မှူးသည်ပေါလုထံသို့ရောက်၍ ဖမ်းဆီးပြီးလျှင် သံကြိုးနှစ်ချောင်းဖြင့်ချည် နှောင်ထားရန်အမိန့်ပေး၏။ ပေါလုကားမည် သူဖြစ်ကြောင်း၊ မည်သည့်ပြစ်မှုကိုကူးလွန် ကြောင်းကိုမေးမြန်း၏။-
သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
သူ့ကိုစစ်ဆေးမေးမြန်းမည့်သူတို့သည်လည်း ချက်ချင်းပင်နောက်သို့ဆုတ်ခွာသွားကြလေ သည်။ ပေါလုသည်ရောမနိုင်ငံသားဖြစ်သည် ကိုလည်းကောင်း၊ သူ့အားသံကြိုးဖြင့်ချည်နှောင် မိသည်ကိုလည်းကောင်းသိမြင်သောအခါ တပ်မှူးသည်ကြောက်လန့်လေ၏။
နောက်နှစ်နှစ်မျှကြာသော်ဖေလဇ်၏ဘုရင်ခံ ရာထူးကိုပေါကိဖေတ္တုဆက်ခံရ၏။ ဖေလဇ် သည်ယုဒအမျိုးသားတို့ထံမှမျက်နှာရ လိုသဖြင့် ပေါလုအားဆက်လက်၍အကျဉ်း ချထားခဲ့၏။
သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-
ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-
သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။
အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-
ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။-
သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။
သူတို့သည်ရှံဆုန်အား``ငါတို့လာရောက်ကြ ခြင်းမှာသင့်ကိုချည်နှောင်၍ ထိုသူတို့၏လက် သို့အပ်နှံရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း``သင်တို့ကိုယ်တိုင်ငါ့အား မသတ်ပါဟုကတိပြုပါလော့'' ဟုဆို၏။