သူကြီး 15:12 - Common Language Bible12 သူတို့သည်ရှံဆုန်အား``ငါတို့လာရောက်ကြ ခြင်းမှာသင့်ကိုချည်နှောင်၍ ထိုသူတို့၏လက် သို့အပ်နှံရန်ဖြစ်ပါသည်'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း``သင်တို့ကိုယ်တိုင်ငါ့အား မသတ်ပါဟုကတိပြုပါလော့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ငါ့ ကို ပြု လုပ် ကြ သ ကဲ့ သို့ သူ တို့ အား လည်း ငါ ပြု လုပ် သည် ဟု ပြန် ဆို ရာ သင့် ကို ချည် နှောင်၍ ဖိ လိ တ္တိ လက် တွင်း သို့ အပ် နှင်း ရန် ငါ တို့ ဆင်း ခဲ့ သည် ဟု ဆို ကြ လျှင်၊ ရှံ ဆုန် က သင် တို့ ကိုယ် တိုင် မ သတ် မ ဖြတ် ပါ မည့် အ ကြောင်း သ စ္စာ ဆို ကြ လော့ ဟု တောင်း ပန် သော်၊ အခန်းကိုကြည့်ပါ။Judson Bible12 သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှာ ယခု ငါတို့လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကိုမလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူတို့ကလည်း “ယခု သင့်ကို ဖမ်းပြီး ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်ရန် လာခဲ့ခြင်းဖြစ်၏”ဟု ဆိုသော် ရှံဆုန်က “သင်တို့ကိုယ်တိုင် ငါ့ကိုမသတ်ပါဟု ကျိန်ဆိုလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။ သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။
ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။