Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 20:20 - Common Language Bible

20 ထို့​ကြောင့်​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​ကြ​၏။ သူ​တို့ သည်​ကိုယ်​တော်​၏​စ​ကား​တွင်​အ​မှား​ကို​ရှာ​ပြီး လျှင် ကိုယ်​တော်​အား​ဘု​ရင်​ခံ​မင်း​၏​လက်​သို့ အပ်​နိုင်​ရန်​သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​များ​ကို​အ​ထံ​တော်​သို့​စေ​လွှတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 သို့ ရာ တွင် အ ချက် ရှာ လျက် ဘု ရင် ခံ မင်း အာ ဏာ အောက် သို့ ပို့ အပ် မည့် အ ကြံ နှင့် ကိုယ် တော် ကို စ ကား အား ဖြင့် ကျော့ မိ စေ ရန် ရိုး ဟန် ဆောင် သော သူ လျှို တို့ ကို စေ လွှတ် ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို ချောင်း​မြောင်း​လျက်၊ စ​ကား​တော်၌ အ​ပြစ်​ကို​ရှာ၍ မြို့​ဝန်​မင်း​လက်​သို့ အပ်​နှံ​သော​အ​ခွင့်​ကို​ရ​ခြင်း​ငှာ သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို့ကြောင့် သူ​တို့​သည် ကိုယ်တော်​ကို​စောင့်ကြည့်​လျက် နှုတ်​တော်​ထွက်​စကား​တွင် အပြစ်​ရှာ​၍ ကိုယ်တော်​ကို ဘုရင်ခံ​၏​အုပ်ချုပ်​မှု​အာဏာ​အောက်သို့ အပ်နှံ​နိုင်​ရန် ဖြောင့်မတ်​သူ​အဖြစ် ဟန်ဆောင်​သော​သူလျှို​များ​ကို စေလွှတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့ကြောင့် သူတို့​သည် ယေရှု​ကို အထူး​စောင့်ကြည့်​လျက် နေကြ၏။ စကားတော်​ထဲမှ​လည်း အပြစ်​ရှာ​၍ အစိုးရ​အာဏာပိုင်​လက်​သို့ အပ်​နိုင်ရန် သူတော်ကောင်း​ယောင်ဆောင်ထားသော သူလျှိုများ​ကို စေလွှတ်ထားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို ချောင်း​မြောင်း​လျက်၊ စ​ကား​တော်၌ အ​ပြစ်​ကို​ရှာ၍ မြို့​ဝန်​မင်း​လက်​သို့ အပ်​နှံ​သော​အ​ခွင့်​ကို​ရ​ခြင်း​ငှာ သူ​တော်​ကောင်း​ဖြစ်​ယောင်​ဆောင်​သော သူ​လျှို​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:20
20 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-


ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​သူ​တို့​သည် ကျော့​ကွင်း​များ​ကို​ထောင်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဥ​ပဒ်​ပြု​လို​သူ​တို့​သည် ခြိမ်း​ခြောက်​ပြော​ဆို​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​လုပ်​ကြံ​ရန် အ​စဉ်​မ​ပြတ်​ကြံ​စည်​လျက်​နေ​ကြ​ပါ​၏။


``ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည် ကြီး​မား​လှ​သည်​ဖြစ်​၍​ရန်​သူ​တို့​သည်​ရှေ့​တော်​တွင် ကြောက်​ရွံ့​ဝပ်​တွား​ကြ​ပါ​၏။


ငါ့​ကို​မုန်း​သော​သူ​တို့​သည်​ငါ့​ရှေ့​၌ ကြောက်​ရွံ့​ပျပ်​ဝပ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ လိမ့်​မည်။


ငါ​သည်​သတ်​ရန်​ထုတ်​ဆောင်​သွား​သည့် သိုး ငယ်​ကဲ့​သို့​ယုံ​ကြည်​စိတ်​ချ​တတ်​သူ​ဖြစ်​ပေ သည်။ ငါ့​ကို​သူ​တို့​မ​ကောင်း​ကြံ​လျက်​နေ ကြ​ကြောင်း​ကို​ငါ​မ​သိ။ သူ​တို့​က``စိမ်း​လန်း စို​ပြေ​လျက်​နေ​ချိန်​၌ သစ်​ပင်​ကို​ခုတ်​လှဲ ကြ​ကုန်​အံ့။ သူ့​အား​နောင်​အ​ခါ​အ​ဘယ်​သူ မျှ​သ​တိ​မ​ရ​ကြ​စေ​ရန် သူ့​ကို​ငါ​တို့​သတ် ဖြတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။


ထို​အ​ခါ ပြည်​သား​တို့​က``ယေ​ရ​မိ​ကို​ငါ​တို့ ဖယ်​ရှား​ကြ​ကုန်​အံ့။ ငါ​တို့​အား​သွန်​သင်​မည့် ယဇ်​ပု​ရော​ဟိတ်​များ၊ အ​ကြံ​ပေး​မည့်​ပ​ညာ​ရှိ များ၊ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​မည့်​ပ​ရော​ဖက်​များ​ထား​ရှိ​မြဲ​ရှိ​ကြ မည်​သာ​ဖြစ်​၏။ ယေ​ရ​မိ​အား​ငါ​တို့​စွဲ​ချက် တင်​ကြ​ကုန်​အံ့။ သူ​ပြော​သည့်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ကုန်​အံ့'' ဟု​ဆို ကြ​၏။


ကျွန်​တော်​မျိုး​သည်​လူ​တို့​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကြား​ရ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား``နေ​ရာ​တိုင်း​တွင် ထိတ်​လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ'' ဟု နာ​မည်​ပေး​ပြီး​လျှင်``သူ့​အ​ကြောင်း​ကို အာ​ဏာ​ပိုင်​တို့​အား​သ​တင်း​ပေး​ကြ​ကုန်​အံ့၊'' ဟု​ဆို​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ရင်း​နှီး​သော​မိတ်​ဆွေ​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ပြို​လဲ​သည်​ကို​စောင့်​မျှော်​နေ​ကြ ပါ​၏။ သူ​တို့​က``သူ့​အား​ငါ​တို့​လှည့်​စား​၍ ရ​ကောင်း​ရ​ပေ​လိမ့်​မည်။ အ​ငိုက်​ဖမ်း​၍​လက်​စား​ချေ​နိုင်​လိမ့်​မည်'' ဟု ဆို​ကြ​ပါ​၏။


ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။-


ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။


ထို​နေ​ရာ​ရှိ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပြစ်​တင် စွပ်​စွဲ​ရန်​အ​လို့​ငှာ သူ​၏​ရော​ဂါ​ကို​ဥ​ပုသ်​နေ့​၌ ကိုယ်​တော်​ပျောက်​ကင်း​စေ​တော်​မူ​မည်၊ မ​မူ​မည် ကို​စောင့်​ကြည့်​နေ​ကြ​၏။-


နှုတ်​တော်​ထွက်​စ​ကား​တွင်​အ​မှား​ရှာ​ရန် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​မေး မြန်း​ကြ​၏။


သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။-


သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။


ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ