Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 4:27 - Common Language Bible

27 ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27-28 ဟေ ရုဒ် မင်း၊ ပု န္တိ ပိ လတ် မင်း တို့ သည် လူ မျိုး ခြား နှင့် ဣ သ ရေ လ လူ မျိုး တို့ ပါ လက် ရုံး တော်၊ အ ကြံ တော် များ ဖြင့် ကိုယ် တော် တင် ရင် ပြ ဌာန်း တော် မူ ပြီး သည့် အ လျောက် ပြု မူ ရန် ဘိ သိက် တော် ခံ သန့် ရှင်း သူ ကျွန် တော် ရင်း ယေ ရှု တစ် ဘက်၌ စု ရုံး ကြ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ဟေ​ရုဒ်​မင်း၊ ပု​န္တိ​ပိ​လတ်​မင်း​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အမှန်​ပင် ဟေရုဒ်​နှင့်​ပုန္တိ​ပိလတ်​တို့​သည် လူမျိုးခြား​မှစ၍ အစ္စရေး​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ပြီး ကိုယ်တော်​ဘိသိက်​ပေး​တော်မူ​သည့် ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​ကို ဆန့်ကျင်​လျက် ဤ​မြို့​တွင်​စုဝေး​ကြ​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ဤ​မြို့​၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်း​နှင့်တကွ လူမျိုးခြားများ​နှင့် အစ္စရေးလူမျိုးတို့​သည် အရှင်​ဘိသိက်ပေးတော်မူသော​သူ၊ အရှင်​၏​သန့်ရှင်းတော်မူသော​အစေခံ​ယေရှု​ကို အတူတကွ​စုရုံး​လျက် ဧကန်အမှန် ဆန့်ကျင်ဘက်​ပြုခဲ့ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 4:27
53 ပူးပေါင်းရင်းမြစ်များ  

မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။


လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။


သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။


ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။


ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။


အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။ သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။


``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခန့်​ခွဲ​ထား​ခဲ့​ကြောင်း​သင်​အ​ဘယ် ၌​မျှ​မ​ကြား​ဘူး​ပါ​သ​လော။ ယ​ခု​ထို​အ​မှု အ​ရာ​တို့​ကို​ငါ​ဖြစ်​ပွား​စေ​လေ​ပြီ။ ခံ​တပ် မြို့​များ​ကို​အ​မှိုက်​ပုံ​အ​ဖြစ်​သို့​ပြောင်း​လဲ ပစ်​နိုင်​သော​တန်​ခိုး​ကို​သင့်​အား​ငါ​ပေး​အပ် ခဲ့​၏။-


လူ​မျိုး​တ​ကာ​တို့​၏​ရွံ​ရှာ​မုန်း​တီး​ခြင်း​ကို များ​စွာ​ခံ​ရ​၍၊ မင်း​ဆိုး​မင်း​ညစ်​တို့​၏​အ​စေ​ခံ​ဖြစ်​သူ​အား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် သည့် ဘု​ရား​သ​ခင်၊ကယ်​တင်​ရှင်​က၊ ``ပြည်​ရှင်​မင်း​တို့​သည်​သင့်​အား​လွတ်​မြောက် စေ​ပြီး​လျှင် ထ​၍​အ​ရို​အ​သေ​ပေး​ကြ​လိမ့်​မည်။ မင်း​ညီ​မင်း​သား​များ​သည်​လည်း​သင့်​ကို​မြင်​၍၊ ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​အ​လေး​ပြု​ကြ​လိမ့်​မည်။'' အ​ဘယ်​ကြောင့်​ဆို​သော်၊က​တိ​တည်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ သင့်​ကို​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း​ဟု​မိန့်​တော်​မူ​ပါ​၏။


ငါ​တို့​သည်​သူ့​အား​စက်​ဆုတ်​ရွံ​ရှာ​၍​ပစ်​ပယ် ထား​ကြ​၏။ သူ​သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဝေ​ဒ​နာ​ကို​ခံ​ရ​၏။ သူ့​ကို​လှည့်​၍​ပင်​ကြည့်​မည့်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။ ငါ​တို့​သည်​သူ့​အား​တန်​ဖိုး​မဲ့​သူ​အ​လား လျစ်​လူ​ရှု​၍​ထား​ကြ​၏။


ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။


ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊-


ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။-


ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။-


ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-


``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော် မူ​သော​စေ​တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​ကြီး​သည်​ကြက်​က​လေး​များ​ကို​မိ​မိ ၏​အ​တောင်​အောက်​တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင့်​ကို​ယု​ယ​ပိုက်​ထွေး​နိုင်​ရန်​ကြိမ် ဖန်​များ​စွာ​ကြိုး​စား​ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​သင် သည်​ငါ့​ကို​အ​ခွင့်​မ​ပေး​ခဲ့။-


ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။


ကိုယ်​တော်​က ``နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ယေ​ရု​ရှလင်​မြို့​သို့​ခ​ရီး​ပြု​လျက်​ရှိ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​သား​အား ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ သား​အား​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။-


ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​ပြောင်​လှောင်​ကြ​၏။ ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။-


ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-


သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။-


တ​ရား​လွှတ်​တော်​တစ်​ဖွဲ့​လုံး​သည်​ထ​၍​ကိုယ်​တော် အား ပိ​လတ်​မင်း​ထံ​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-


``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊


ထို​နောက်​ဆက်​လက်​၍ ``လူ​သား​သည်​ဝေ​ဒ​နာ​များ စွာ​ခံ​တော်​မူ​ရ​မည်။ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​သူ့​ကို​ပစ်​ပယ်​ကြ​လိမ့်​မည်။ လူ​သား သည်​အ​သေ​ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့ ၌​ရှင်​ပြန်​ထ​မြောက်​လိမ့်​မည်'' ဟု​တ​ပည့်​တော် တို့​အား​မိန့်​တော်​မူ​၏။


ကိုယ်​တော်​သည်​မိ​မိ​နေ​ရင်း​ပြည်​သို့​ကြွ​တော်​မူ သော်​လည်း မိ​မိ​၏​ပြည်​သား​များ​က​လက်​မ​ခံ ကြ။-


ခ​မည်း​တော်​သည်​ငါ့​ကို​ရွေး​ချယ်​၍ ဤ​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍ `ငါ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​သော​အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သည်​ဟု​အ​ဘယ်​သို့​လျှင်​သင်​တို့​ဆို နိုင်​ကြ​သ​နည်း။-


လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။-


သို့​ဖြစ်​၍​ပိ​လတ်​မင်း​သည်​ထို​သူ​တို့​နှင့်​တွေ့​ဆုံ ရန်​အ​ပြင်​သို့​ထွက်​လာ​ပြီး​လျှင် ``ဤ​သူ​အား အ​ဘယ်​ပြစ်​မှု​နှင့်​စွပ်​စွဲ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။


သို့​ရာ​တွင်​စစ်​သား​တစ်​ယောက်​သည်​ကိုယ်​တော် ၏​နံ​တော်​ကို​လှံ​ဖြင့်​ထိုး​လိုက်​ရာ​ချက်​ချင်း ပင်​သွေး​နှင့်​ရေ​ထွက်​လာ​၏။-


နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။


လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။''


သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ