မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။
ဗျာဒိတ် 12:9 - Common Language Bible ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။ Garrad Bible မာရ် နတ် စာ တန် ခေါ် တစ် လော က လုံး ကို လှည့် ဖြား သော ရှေး မြွေ ဟောင်း န ဂါး ကြီး သည် ဘက် ပါ စေ တ မန် တို့ နှင့် တ ကွ မြေ ကြီး ပေါ် သို့ ပစ် ချ ခံ ရ ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။ |
မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။
ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။-
ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။
ကျွန်တော်မျိုး၏ရန်သူအားတရားစီရင်ရန် အဂတိလိုက်စားသောတရားသူကြီးကို ခန့်ထားရွေးချယ်ပေးတော်မူပါ။ သူ၏ရန်သူတစ်ယောက်ကပင်လျှင်သူ့အား ပြစ်တင်စွပ်စွဲစေတော်မူပါ။
အို နံနက်အရုဏ်၏သား၊ ဗာဗုလုန်ဘုရင်၊ ထွန်း လင်းတောက်ပသည့်မိုးသောက်ကြယ်၊ သင်သည် မိုးကောင်းကင်မှပြုတ်ကျရလေပြီ။ အတိတ် ကာလကသင်သည်လူမျိုးတကာကိုနှိမ် နင်းခဲ့၏။ သို့ရာတွင်ယခုအခါ၌မြေ ပေါ်သို့ပစ်ချခြင်းကိုခံရလေပြီ။-
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။-
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။-
ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။-
အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-
ထိုအခါစာတန်သည် တစ်ကျိပ်နှစ်ပါးအပါ အဝင်ဖြစ်သူရှကာရုတ်ဟုနာမည်တွင်သော ယုဒ၏စိတ်နှလုံးထဲသို့ဝင်လေ၏။-
သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။-
လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။-
ဤလောကသည်ယခုပင်လျှင်တရားစီရင် ခြင်းခံရလေပြီ။ လောကကိုအစိုးရသူ သည်လည်းယခုပင်နှိမ်နင်းခြင်းခံရပေ တော့မည်။-
လောကကိုအစိုးရသူသည်ရောက်ရှိလာ တော့မည်။ သို့ဖြစ်၍ငါသည်သင်တို့နှင့်စကား ကြာကြာပြောနိုင်တော့မည်မဟုတ်။ သူသည် ငါ့ကိုမည်သို့မျှမပြုနိုင်။-
လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။''
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ပေတရုက ``အာနနိ၊ သင်သည်လယ်ရောင်းရ ငွေအချို့အဝက်ကိုမိမိအဖို့ဖယ်ထားခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့် စားလေပြီ။ အဘယ်ကြောင့်စာတန်အားသင် ၏စိတ်နှလုံးကိုစိုးမိုးခွင့်ပေးပါသနည်း။-
သူတို့သည်ငါတို့၏အရှင်ခရစ်တော်၏အမှုတော် ကိုထမ်းဆောင်သူများမဟုတ်။ မိမိတို့၏အမှုကို သာစိတ်ဝင်စားသူများဖြစ်ကြ၏။ သူတို့သည်နူးညံ့ ချိုသာသောစကားများ၊ မြှောက်ပင့်သောစကားများ ဖြင့်ရိုးသားသူတို့၏စိတ်ကိုလှည့်စားတတ်ကြ၏။-
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
သူတို့ဤသို့ပြုကြသည်မှာအံ့သြစရာမဟုတ်။ စာတန်ပင်လျှင်အလင်း၏ကောင်းကင်တမန် အသွင်ကိုယူဆောင်နိုင်ပေသည်။-
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-
သို့မှသာစာတန်အားငါတို့အပေါ်အနိုင်မရ စေရန်တားဆီးနိုင်ပေမည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်စာတန်၏အကြံအစည်များ ကိုသိကြသောကြောင့်တည်း။
ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
ဤအကြောင်းနှင့်ပတ်သက်၍လူတို့မှားယွင်း စွာပြောဆိုနေသည်ကိုလုံးဝမယုံကြနှင့်။ နောက်ဆုံးပုန်ကန်မှုကြီးမဖြစ်ပေါ်မီနှင့် ငရဲသို့လားရမည်ဖြစ်သောသူယုတ်မာ ကြီးမပေါ်ထွန်းမီထိုနေ့ရက်သည်ကျ ရောက်လိမ့်မည်မဟုတ်။-
လှည့်စားခြင်းကိုခံရသူမှာလည်းအာဒံ မဟုတ်။ အမျိုးသမီးသာလျှင်လှည့်စားခြင်း ကိုခံရ၍ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ပေသည်။-
ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-
ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
ကမ္ဘာလောကတစ်ခုလုံးတွင်မာရ်နတ်၏တန်ခိုး လွှမ်းမိုးလျက်ရှိနေသော်လည်း ငါတို့သည် ဘုရားသခင်၏ဘက်တော်သားများဖြစ် ကြောင်းကိုငါတို့သိကြ၏။
ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင်ဤ အမှုမျိုးကိုမပြုချေ။ မောရှေ၏ကိုယ်ခန္ဓာ ကို အဘယ်သူယူသင့်သည်ဟူသောအချက် နှင့်ပတ်သက်၍ နတ်မိစ္ဆာကြီးနှင့်အငြင်းပွား ရာတွင် သူသည်နတ်မိစ္ဆာကြီးအားပြစ်တင် ရှုတ်ချမှုကိုမပြုဝံ့ဘဲ ``သင့်အားထာဝရ ဘုရားဆုံးမတော်မူပါစေ'' ဟူ၍သာ ပြောဆိုလေသည်။-
သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။
မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
ထိုနောက်ကောင်းကင်၌စစ်ဖြစ်လေသည်။ မိက္ခေလ နှင့်သူ၏ကောင်းကင်တမန်များသည် နဂါး ကိုတိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏ဘက်သား ကောင်းကင်တမန်တို့ကပြန်လှန်တိုက်ခိုက် ကြသော်လည်း၊-
အရေးရှုံးနိမ့်သွားကြ၏။ သူတို့သည်ကောင်း ကင်တွင်နေရန်အခွင့်မရကြတော့ချေ။-
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
သူတို့သည်နိမိတ်လက္ခဏာများကိုပြနိုင်သော နတ်မိစ္ဆာများ၏ဝိညာဉ်များဖြစ်ကြ၏။ အနန္တ တန်ခိုးရှင်ဘုရားသခင်၏နေ့ကြီးစစ်ပွဲသို့ ဝင်ရန် ကမ္ဘာတစ်ဝန်းလုံးရှိရှင်ဘုရင်များအား စုရုံးခြင်းငှာသူတို့သည်ထွက်ခွာသွားကြ၏။
သူသည်အသံကျယ်စွာဖြင့်``ဗာဗုလုန်မြို့ကြီး သည်ပျက်သုဉ်းလေပြီ။ ဗာဗုလုန်မြို့ကြီးပျက် သုဉ်းလေပြီ။ ယခုထိုမြို့သည်နတ်မိစ္ဆာများ နှင့်ညစ်ညမ်းသောနတ်တို့နေထိုင်ရာ၊ စက်ဆုပ် ဖွယ်ကောင်းသည့်ငှက်ဆိုးတို့မှီခိုရာအရပ် ဖြစ်လေပြီ။-
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-
အဘယ်အရပ်တွင်သင်နေထိုင်သည်ကိုငါသိ ၏။ သင်သည်စာတန်၏ပလ္လင်ရှိရာအရပ်တွင်နေ ထိုင်၏။ ငါ၏ဘက်မှာသစ္စာရှိစွာသက်သေခံသူ အန္တိပသည် စာတန်နေထိုင်ရာတွင်အသတ်ခံရ ချိန်၌ပင် သင်သည်ငါ၏သစ္စာကိုစောင့်၍ ငါ့ကို ယုံကြည်ကိုးစားမှုမစွန့်။-
ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။-
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-
သူတို့အားမှောက်မှားလမ်းလွဲစေသူစာတန် သည်လည်း ကန့်မီးအိုင်ထဲသို့ပစ်ချခြင်းကို ခံရလေ၏။ ထိုအိုင်ထဲသို့သားရဲနှင့်မိစ္ဆာပရော ဖက်တို့ပစ်ချခြင်းခံရပြီးဖြစ်သည်။ သူတို့ သည်ကမ္ဘာအဆက်ဆက်နေ့ရောညဥ့်ပါ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကြလတ္တံ့။
ဂေါဂနှင့်မာဂေါဂဟုခေါ်သောကမ္ဘာအရပ်လေး မျက်နှာရှိလူမျိုးအပေါင်းတို့အား မှောက်မှား လမ်းလွဲစေလျက်စစ်တိုက်ရန်စုဝေးစေလိမ့်မည်။ သူတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများသတည်း။-
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-
ထိုနောက်ပဉ္စမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ ကောင်းကင်မှကမ္ဘာမြေ ပေါ်သို့ကြယ်တစ်လုံးကြွေကျလာသည်ကို ငါမြင်ရ၏။ ထိုကြယ်အားတွင်းနက်ကြီး၏ တံခါးသော့ကိုပေးအပ်ထား၏။-
ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။-