Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 12:10 - Common Language Bible

10 ထို​နောက်​ကောင်း​ကင်​မှ​ကျယ်​စွာ​သော​အ​သံ က``ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​၏​ကယ်​တင် ခြင်း​သက်​ရောက်​လာ​လေ​ပြီ။ ယ​ခု​အ​ခါ ဘု​ရား​သ​ခင်​သည်​ဘု​ရင်​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။ ခ​ရစ်​တော်​သည်​လည်း​သူ​၏​အာ ဏာ​တော်​စက်​ကို​ပြ​တော်​မူ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​ညီ​အစ်​ကို​များ အား​နေ့​ရော​ညဥ့်​ပါ ငါ​တို့​၏​ဘု​ရား​သ​ခင် ရှေ့​တော်​တွင် ပြစ်​တင်​စွပ်​စွဲ​လျက်​နေ​သူ​ကို ကောင်း​ကင်​ဘုံ​မှ​နှင်​ထုတ်​လိုက်​ပြီ​ဖြစ်​သော ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ကောင်း ကင် ဘုံ မှ ကျယ် သော ကြွေး ကြော် သံ က ယ ခု မှာ ငါ တို့ ဘု ရား သ ခင်၏ ကယ် တင် တော် မူ ခွင့် မှ စ၍ တန် ခိုး တော်၊ နိုင် ငံ တော် နှင့် ဘိ သိက် တော် ခံ မင်း ၏ အာ ဏာ တော် သည် တည် ရောက် လေ ပြီ။ ငါ တို့ ညီ အစ် ကို များ ကို ငါ တို့ ဘု ရား သ ခင် ရှေ့ နေ့ ညဉ့် မ ပြတ် အ ပြစ် စွဲ ဆို သူ သည် ပစ် ချ ခံ ရ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့နောက် ကောင်းကင်​မှ​ကျယ်လောင်​သော​အသံ​က “ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း၊ တန်ခိုး​တော်၊ နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ခရစ်တော်​၌​ရှိ​သော​အာဏာစက်​တို့​သည် ယခု​ပေါ်ထွန်း​လေ​ပြီ။ အကြောင်းမူကား ငါ​တို့​၏​ညီအစ်ကို​များ​ကို​စွပ်စွဲ​သော​သူ​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​ရှေ့​တော်​၌ နေ့​ရော​ည​ပါ သူ​တို့​ကို​စွပ်စွဲ​သော​သူ​သည် ပစ်ချ​ခြင်း​ခံရ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို့နောက် ကောင်းကင်​မှ ကျယ်လောင်သော​အသံ​ဖြင့် “ယခု​တွင် ငါတို့​ဘုရားသခင်​၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်​နှင့် ခရစ်တော်​၏ အခွင့်အာဏာ​တို့​သည် ပေါ်ထွန်းလာပြီ။ ငါတို့​ဘုရားသခင်​၏ ရှေ့တော်​၌​ပင် ငါတို့​၏​ညီအစ်ကို​မောင်နှမများ​ကို နေ့ရော​ညပါ စွပ်စွဲသူ​သည် ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံရပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 12:10
24 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး တော်​ဘုန်း​အ​သ​ရေ​တော်၊ အ​ရောင်​အ​ဝါ​တော်၊ အာ​နု​ဘော်​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ပိုင်​တော်​မူ​၍ ကိုယ်​တော်​ရှင်​သည် လူ​ခပ်​သိမ်း​တို့​အား​အ​ချုပ်​အ​ခြာ​အာ​ဏာ တော်​ဖြင့်​အ​စိုး​ရ​သည့်​ဘုရင်​ဖြစ်​တော်​မူ​ပါ ၏။-


ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။


စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။


ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​တော်​မူ​၏။


အ​ရှင်​မင်း​ကြီး​အား​ဘု​ရား​သ​ခင် ပေး​အပ်​တော်​မူ​သော​ရာ​ဇ​ပလ္လင်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။ အ​ရှင်​မင်း​ကြီး​သည်​မိ​မိ​၏​တိုင်း​နိုင်​ငံ​ကို တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​ပါ​၏။


အ​ထက်​ဖော်​ပြ​ပါ​ဘု​ရင်​များ​နန်း​စံ​လျက် နေ​ချိန်​၌​ပင်​လျှင် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​အ​ခါ​မျှ​မ​ပျက်​စီး နိုင်​သည့် နိုင်​ငံ​တစ်​ခု​ကို​တည်​ထောင်​တော်​မူ ပါ​လိမ့်​မည်။ ထို​နိုင်​ငံ​ကို​အ​ဘယ်​အခါ​၌ မျှ​နှိမ်​နင်း​၍​ရ​မည်​မ​ဟုတ်​ပါ။ ယင်း​သည် အ​ခြား​နိုင်​ငံ​ရှိ​သ​မျှ​ကို​ဖြို​ခွင်း​ပြီး နောက် အ​စဉ်​အ​မြဲ​တည်​ပါ​လိမ့်​မည်။-


သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။


သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-


နိုင်​ငံ​တော်​တည်​ပါ​စေ​သော။ အ​လို​တော်​သည်​ကောင်း​ကင်​ဘုံ​၌​ပြည့်​စုံ​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​၌​လည်း​ပြည့်​စုံ​ပါ​စေ​သော။


ကိုယ်​တော်​က ``သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ၊ `အို အ​ဖ၊ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ရှိ​ပါ စေ​သော။


သ​ခင်​ယေ​ရှု​က ``ရှိ​မုန်၊ ရှိ​မုန်၊ စ​ပါး​ကို​လှေ့ သ​ကဲ့​သို့​သင်​တို့​အား​လုံး​ကို​စစ်​ဆေး​ရန် စာ​တန်​က​အ​ခွင့်​ရ​လေ​ပြီ။-


သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။-


ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-


နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့​ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။-


ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-


အောင်​မြင်​၍​ငါ​လို​လား​သည့်​အ​ကျင့်​ကို အ​ဆုံး​တိုင်​အောင် ကျင့်​သော​သူ​တို့​အား ခ​မည်း​တော်​ထံ​မှ​ငါ​ရ​ရှိ​သည့်​အ​ခွင့် အာ​ဏာ​ကို​ငါ​ပေး​မည်။ ယင်း​အ​ခွင့်​အာ​ဏာ မှာ​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​၍ မြေ​အိုး​များ​ကို​သံ​တုတ်​ဖြင့် အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ရိုက်​ခွဲ​သ​ကဲ့​သို့ သူ​တို့​အား​ချေ​မှုန်း​ပိုင်​ခွင့်​ဖြစ်​သည်။ မိုး သောက်​ကြယ်​ကို​လည်း​သူ​တို့​အား​ငါ ပေး​မည်။


သူ​တို့​က``ကယ်​တင်​ခြင်း​ကျေး​ဇူး​သည်​ပလ္လင် တော်​ပေါ်​မှာ​စံ​တော်​မူ​သော ငါ​တို့​ဘု​ရား သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​ထံ​မှ​သက်​ရောက် လာ​၏'' ဟု​ကြီး​သော​အသံ​နှင့်​ကြွေး​ကြော် ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ