ဗျာဒိတ် 19:20 - Common Language Bible20 သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 သား ရဲ ရှေ့ တွင် နိ မိတ် ပြ သ ဖြင့် သား ရဲ၏ သ ညာ ခံ သူ၊ ရုပ် ပုံ ကို ရှိ ခိုး သူ တို့ အား လှည့် ဖြား သော မိ စ္ဆာ ပ ရော ဖက် နှင့် တ ကွ သား ရဲ ပါ သုံ့ ပန်း ပြီး လျှင် နှစ် ဦး လုံး ကို တောက် လောင် သော ကန့် မီး အိုင် ထဲ သို့ အ ရှင် လိုက် ပစ် ချ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible20 သားရဲကို ဖမ်းမိကြ၏။ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဖမ်းမိကြ၏။ အသက်ရှင်လျက်ရှိသော ထိုသူနှစ်ဦးကို ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။ အခန်းကိုကြည့်ပါ။ |
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-