၁ ရာချုပ် 21:1 - Common Language Bible1 စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို နောက် စာ တန် သည် ဣ သ ရေ လ လူ မျိုး နှင့် ဆန့် ကျင် ဘက် ထ၍ ထို အ မျိုး ကို စာ ရင်း ယူ စေ ရန် ဒါ ဝိဒ် မင်း အား နှိုး ဆော် သည် နှင့်၊ အခန်းကိုကြည့်ပါ။Judson Bible1 နောက်တစ်ဖန် စာတန်သည် ဣသရေလအမျိုးတစ်ဖက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက်စေခြင်းငှာ ဒါဝိဒ်ကို တိုက်တွန်းလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် စာတန်သည် အစ္စရေးလူမျိုးတို့ကို ဆန့်ကျင်လို၍ အစ္စရေးလူမျိုးတို့၏အရေအတွက်ကို စာရင်းကောက်ယူရန် ဒါဝိဒ်မင်းကြီး၏စိတ်ကို နှိုးဆော်၏။ အခန်းကိုကြည့်ပါ။ |
ဇေရုယာ၏သားယွာဘသည်သန်းခေါင်စာရင်း တစ်ရပ်စတင်ကောက်ယူခဲ့သော်လည်းအပြီး မသတ်ချေ။ ဤသန်းခေါင်စာရင်းကောက်ယူမှု အတွက်ဘုရားသခင်သည် ဣသရေလအမျိုး သားတို့အားအပြစ်ဒဏ်ခတ်တော်မူ၏။ သို့ဖြစ် ၍ကောက်ယူရရှိသည့်နောက်ဆုံးကိန်းဂဏန်း များကိုဒါဝိဒ်မင်း၏တရားဝင်မှတ်တမ်းများ တွင်ရေးမှတ်ထားခြင်းမရှိပေ။
ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-