ဗျာဒိတ် 2:24 - Common Language Bible24 ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။- အခန်းကိုကြည့်ပါ။Garrad Bible24 သို့ သော် လည်း နက် နဲ ရာ ဟု ချင်း တို့ ခေါ် ဝေါ် သည့် စာ တန်၏ ဩ ဝါ ဒ ကို မ နာ မ ယူ မ သိ မ ကျွမ်း သ မျှ သော သွာ တိ ရ အ သင်း တော် ရှိ ကျန် ကြွင်း သူ တို့ အား ငါ ဆို သည် ကား သင် တို့ အ ပေါ် တွင် အ ခြား ဝန် ကို ငါ မ တင်။ အခန်းကိုကြည့်ပါ။Judson Bible24 ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ်သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟု ခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကို မယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သို့သော် ထိုမိန်းမ၏အယူဝါဒကိုမခံယူ၊ စာတန်၏နက်နဲသောအရာဟု သူတို့ခေါ်ဝေါ်သောအရာများကိုမသိသော သွာတိရမြို့မှ ကျန်ရှိသူအပေါင်းတို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ဝန်ပိုးကို ငါမတင်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ယခု ကျွန်ုပ်သည် ကျန်ရှိသော သွာတိရအသင်းသား သင်တို့အား ပြောလို၏။ သူ၏မှားယွင်းသည့် သွန်သင်ချက်ကို နားမထောင်၊ စာတန်၏လျှို့ဝှက်ချက်များကို မခံယူသည့် သင်တို့အပေါ်သို့ အခြားဝန်ထုပ်ဝန်ပိုးကို ငါတင်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။-
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
သင်သည်အဘယ်မျှဆင်းရဲ၍အဘယ်မျှဒုက္ခ ရောက်သည်ကိုငါသိ၏။ သို့ရာတွင်အမှန်စင်စစ် သင်သည်ကြွယ်ဝသူဖြစ်၏။ မိမိတို့ကိုယ်ကို ဟေဗြဲအမျိုးသားများဟုဆိုကြသောသူတို့ သည်သင့်အားအသရေပျက်စေသည့်စကား များကိုပြောဆိုကြကြောင်းငါသိ၏။ သူတို့ သည်စင်စစ်အားဖြင့်ဟေဗြဲအမျိုးသားများ မဟုတ်။ စာတန်၏အဖွဲ့ဝင်များဖြစ်ကြ၏။-