သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။-
ဒေသနာကျမ်း။ 6:2 - Common Language Bible အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။ Garrad Bible စိတ် တပ် မက် သ မျှ သော အ ရာ ကို ချင် ရဲ ပြေ အောင်၊ ဘု ရား သ ခင့် ထံ မှ စည်း စိမ် ချမ်း သာ ဂုဏ် အ သ ရေ ရ သော လူ သည်၊ ကိုယ် တိုင် ခံ စား ခွင့် မ ရ ဘဲ၊ သူ စိမ်း တစ် ယောက် ခံ စား ရ ခြင်း များ မှာ၊ အ န တ္တ အ မှု၊ ဘေး ဆိုး သ ဖွယ် ဖြစ်၏။ Judson Bible အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ်ဥစ္စာ ဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစားရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သောသူတစ်ပါးဝင်၍ ခံစားရသောအမှုသည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် လူတစ်ဦးအား ဓနဥစ္စာ၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေတို့ကိုပေးတော်မူသဖြင့် သူသည် သူ၏စိတ်ဝိညာဉ်၌တောင့်တသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့ခြင်းမရှိ။ သို့သော် ဘုရားသခင်သည် သူ့အား ထိုအရာကိုခံစားသုံးဆောင်ရသောအခွင့်ပေးတော်မမူသောကြောင့် သူတစ်ပါးသည် ထိုအရာကိုခံစားသုံးဆောင်ရ၏။ ဤအရာသည် အချည်းနှီးဖြစ်ပြီး ရောဂါဆိုးတစ်ခုဖြစ်၏။ |
သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။
သူသည်စည်းစိမ်ချမ်းသာကြွယ်ဝလျက်ကြည်ညို လေးစားမှုကိုခံရကာ အလွန်အိုမင်းချိန်ကျ မှကွယ်လွန်တော်မူလေသည်။-
ထာဝရဘုရားက``သင်သည်လျောက်ပတ် သောအရာကိုရွေးချယ်လေပြီ။ စည်းစိမ်ဥစ္စာ နှင့်ဂုဏ်သတင်းကျော်စောမှုတို့ကိုသော် လည်းကောင်း၊ ရန်သူများသေကြေပျက်စီးရန် ကိုသော်လည်းကောင်းမတောင်းခံဘဲ သင့်အား ငါပေးအပ်ထားသည့်ပြည်သူတို့ကိုအုပ်စိုး နိုင်ရန်ဉာဏ်ပညာနှင့်အသိပညာကိုတောင်း ခံပေသည်။ သို့ဖြစ်၍သင့်အားအသိပညာ နှင့်ဉာဏ်ပညာကိုငါပေးမည်။-
ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
သူတို့၏စိတ်နှလုံးမှမကောင်းမှုများကို ထုတ်ဖော်၍ သူတို့၏စိတ်သည်ယုတ်မာသည့်အကြံအစည် များကိုတွေးတောလျက်နေကြ၏။
တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ်၏။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း။
ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်း အမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသော အကျိုး၌ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဘို့ ဖြစ်၏။
ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။
အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
ကျွန်တော်မျိုးတို့၏ပစ္စည်းဥစ္စာများသည် သူစိမ်းတစ်ရံဆံတို့၏လက်သို့ရောက်ရှိနေပါပြီ။ လူမျိုးခြားများသည်ကျွန်တော်မျိုးတို့၏အိမ်များတွင် နေထိုင်လျက်ရှိကြပါ၏။
``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
အခြားနိုင်ငံများကိုအားကိုးခြင်းကြောင့် ထိုနိုင်ငံတို့၏သွေးစုတ်ခြင်းကိုခံရကြောင်း သူတို့မသိ။ သူတို့၏နိုင်ငံသည်ပျက်သုဉ်း ချိန်နီးသော်လည်းသူတို့မသိကြ။-
သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။-
ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။