တရားဟော 28:33 - Common Language Bible33 သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible33 မြေ အ သီး အ နှံ နှင့် ချွေး နှဲ စာ ဟူ သ မျှ ကို သင် တို့ မ သိ ဘူး သော လူ မျိုး ခြား စား မျို ကြ သည့် အ ခိုက်၊ သင် တို့ သည် တစ် သက် ပတ် လုံး အ ညှဉ်း အ ပန်း အ နှိပ် အ စက် ခံ ရ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible33 သင်မသိမကျွမ်းသောလူမျိုးသည် သင့်နေရာပြည်၏ အသီးအနှံကိုလည်းကောင်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကိုလည်းကောင်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုသာ အစဉ်မပြတ်ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း33 သင့်မြေ၏အသီးအနှံ၊ သင့်ချွေးနှဲစာရှိသမျှတို့ကို သင်မသိသောလူမျိုးသည် စားလိမ့်မည်။ သင်သည် နှိပ်စက်ညှဉ်းဆဲခြင်းကိုသာ တစ်ချိန်လုံးခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-