Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 17:14 - Common Language Bible

14 ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်း ပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​က သူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 လော က သား တို့ လက် မှ လက် ရုံး တော် ဖြင့် လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။ ထို သူ တို့ သည်၊ ဤ ဘ ဝ၌ ကိုယ့် ပိုင် စု ကို ရ လျက်၊ ဘ ဏ္ဍာ တော် များ ကြောင့် ဝမ်း ပြည့် လျက်၊ သား သ မီး များ ကို ရ ရှိ ၍၊ ကျန် ရစ် သော ပ စ္စည်း ကို၊ ကိုယ့် သား ငယ် ကို ဆက် ခံ ရ ကြ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အို ထာဝရဘုရား​၊ ဤ​လောက​၏​အမွေ​ကို​သာ ခံစား​ကြ​ရ​သော လောကီသား​တို့​၏​လက်​မှ ကိုယ်တော်​၏​လက်​တော်​ဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​သည် သူ​တို့​၏​ဝမ်း​ကို ကိုယ်တော်​၏​ဘဏ္ဍာ​တော်​နှင့်​ပြည့်​စေ​တော်မူ​၏​။ သူ​တို့​သည် သားသမီး​အများအပြား​ထွန်းကား​၍ သူ​တို့​၏​ကလေး​များ​အတွက်​လည်း သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို ချန်ထား​တတ်​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 17:14
21 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။


ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။-


သင်​တို့​သည်​ဤ​လော​က​နှင့်​သက်​ဆိုင်​သူ​များ ဖြစ်​ပါ​မူ​လော​က​သား​တို့​သည် မိ​မိ​တို့​၏​သွေး ချင်း​သား​ချင်း​များ​သ​ဖွယ်​သင်​တို့​အား​ချစ် ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​လော​က ထဲ​က​ရွေး​ကောက်​သည်​ဖြစ်​၍ သင်​တို့​သည်​ဤ လော​က​နှင့်​မ​သက်​ဆိုင်။ ထို့​ကြောင့်​လော​က သား​တို့​သည်​သင်​တို့​ကို​မုန်း​ကြ​၏။-


ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။-


``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-


ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။


သင်​တို့​သည်​လော​က​တွင်​စည်း​စိမ်​ခံ​လျက် ပျော်​ပါး​ခဲ့​ကြ​၏။ အ​သတ်​ခံ​ရ​ကြ​မည့်​နေ့ အ​တွက်​မိ​မိ​တို့​ကိုယ်​ကို​ဆူ​ဖြိုး​အောင်​ကျွေး မွေး​ခဲ့​ကြ​၏။-


ဤ​ကား​သူ​ယုတ်​မာ​တို့​ပြု​ကြ​ပုံ​ပင်​ဖြစ်​ပေ​သည်။ သို့​သော်​သူ​တို့​သည်​ကောင်း​စား​၍​အ​စဉ်​ပင် စည်း​စိမ်​ချမ်း​သာ​တိုး​လျက်​နေ​ကြ​၏။


အ​ရိပ်​တ​မျှ​ခ​ဏ​သာ​အ​သက်​ရှင်​ပါ​၏။ သူ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ဘာ​မျှ အ​ကျိုး​မ​ရှိ။ သူ​သည်​စည်း​စိမ်​ဥစ္စာ​ကို​စု​ဆောင်း​သော်​လည်း အ​ဘယ်​အ​ရာ​ကို​အ​ဘယ်​သူ​ရ​ရှိ​လိမ့်​မည်​ကို သူ​မ​သိ။


သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။


ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။


ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။


``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ဤ​အ​ဖြစ်​အ​ပျက် နှင့်​တူ​၏။ လူ​တစ်​ယောက်​သည်​လယ်​၌​မြှုပ်​ထား​သော ဘဏ္ဍာ​ကို​တွေ့​သ​ဖြင့်​တစ်​ဖန်​မြှုပ်​ထား​ခဲ့​၏။ ထို​နောက် ဝမ်း​မြောက်​စွာ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ လျက်​ထို​လယ်​ကို​ဝယ်​လေ​၏။


ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ