၂ ရာချုပ် 1:11 - Common Language Bible
 11  ထာဝရဘုရားက``သင်သည်လျောက်ပတ် သောအရာကိုရွေးချယ်လေပြီ။ စည်းစိမ်ဥစ္စာ နှင့်ဂုဏ်သတင်းကျော်စောမှုတို့ကိုသော် လည်းကောင်း၊ ရန်သူများသေကြေပျက်စီးရန် ကိုသော်လည်းကောင်းမတောင်းခံဘဲ သင့်အား ငါပေးအပ်ထားသည့်ပြည်သူတို့ကိုအုပ်စိုး နိုင်ရန်ဉာဏ်ပညာနှင့်အသိပညာကိုတောင်း ခံပေသည်။ သို့ဖြစ်၍သင့်အားအသိပညာ နှင့်ဉာဏ်ပညာကိုငါပေးမည်။- 
အခန်းကိုကြည့်ပါ။ ကော်ပီ 
 11  ဘု ရား သ ခင် က၊ သင် သည် စည်း စိမ် ချမ်း သာ ဂုဏ် အ သ ရေ သော် လည်း ကောင်း၊ ရန် အောင် ခွင့် သော် လည်း ကောင်း၊ ရှည် ကြာ သော အ သက် တာ သော် လည်း ကောင်း၊ မ တောင်း ဘဲ ငါ မင်း မြှောက် သည့် အ တိုင်း လူ မျိုး တော် အား အုပ် စိုး စီ ရင် နိုင် ရန် ဉာဏ် ပ ညာ၊ အ သိ ပညာ ကို စွဲ လမ်း တောင်း လျှောက် သော ကြောင့် 
အခန်းကိုကြည့်ပါ။ ကော်ပီ 
 11  ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက်မေ့၍ စည်းစိမ်ဥစ္စာ ဂုဏ်အသရေကိုမတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သောအသက်ကိုလည်း မတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏လူမျိုးကို တရားစီရင်ခြင်းငှာ တတ်နိုင်သော ဉာဏ်ပညာကိုသာ ကိုယ်အဖို့တောင်းသောကြောင့်၊ 
အခန်းကိုကြည့်ပါ။ ကော်ပီ 
 11  ထို့ကြောင့် ဘုရားသခင်က ရှောလမုန်မင်းကြီးအား “သင်သည် ဓနဥစ္စာစည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်း၊ အသက်တာရှည်ဖို့မတောင်းဘဲ သင့်အား ငါအုပ်ချုပ်စေသည့် ငါ့လူမျိုးတော်တို့ကိုအုပ်ချုပ်နိုင်ရန်အတွက် သင့်စိတ်နှလုံးတွင်ရှိသည့်အတိုင်း ဉာဏ်ပညာ၊ အသိတရားတို့ကိုသာ တောင်းဆိုသောကြောင့် 
အခန်းကိုကြည့်ပါ။ ကော်ပီ