တရားဟော 28:43 - Common Language Bible43 ``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible43-44 သင် တို့ ဘောင်၌ ရှိ သော ဝင် နေ သူ တို့ သည်၊ သင် တို့ ထံ ချေး ယူ ခြင်း ကင်း လျက် ချေး ငှါး ရ သည့် အ လျောက်၊ အ စဉ် တ စိုက် ဦး ခေါင်း အ ဖြစ် ရောက် အောင် တိုး တက် ရာ တွင် သင် တို့ မှာ မူ၊ အ မြီး အ ဖြစ် ရောက် အောင်၊ သြ ဇာ လျော့၍ ဆုတ် ယုတ် ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible43 သင်နှင့်အတူနေသော တစ်ပါးအမျိုးသားသည်မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း43 သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။
ထိုကြောင့်ထာဝရဘုရားသည်သူတို့အား အစေခံပရောဖက်များအားဖြင့် သတိ ပေးမိန့်မှာတော်မူခဲ့သည့်အတိုင်းမျက် မှောက်တော်မှနှင်ထုတ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်အာရှုရိ ပြည်သို့ပြည်နှင်ဒဏ်ခံရလျက် ထိုပြည် တွင်ယနေ့တိုင်အောင်နေထိုင်ရကြလေ သည်။
သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။