ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
တောလည် 23:19 - Common Language Bible ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။ Garrad Bible ဘု ရား သ ခင် သည် မု သာ ဆို ရန် လူ၊ ပြောင်း လဲ ရန် လူ့ သား ဖြစ် တော် မူ သည် မ ဟုတ်။ ကိုယ် တော် သည် က တိ ထား ပြီး မှ မ ပြည့် စုံ စေ ဘဲ သ စ္စာ ဆို ပြီး မှ အ တည် မ ပြု ဘဲ နေ တော် မူ မည် လော။ Judson Bible ဘုရားသခင်သည် မုသားစကားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ၊ ကတိတော်မတည်ဘဲ နေတော်မူမည်လော။ မြန်မာ့စံမီသမ္မာကျမ်း လိမ်လည်ပြောဆိုရအောင် ဘုရားသခင်သည် လူဖြစ်သည်မဟုတ်။ စိတ်ပြောင်းလဲရအောင် လူသားဖြစ်သည်မဟုတ်။ ကိုယ်တော်သည် မိန့်တော်မူပြီးမှ မပြုဘဲနေတော်မူမည်လော။ ကတိထားတော်မူပြီးမှ မတည်ဘဲနေတော်မူမည်လော။ |
ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
သင်၏အိမ်ထောင်စုသားများသည်မြို့တွင်း၌ သေလျှင်ခွေးစာ၊ မြို့ပြင်၌သေလျှင်လင်းတစာ ဖြစ်ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင် ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။
မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
သို့ရာတွင်ကိုယ်တော်ရှင်သည်ဤထက်မက ပို၍ပင် ကျေးဇူးပြုတော်မူလျက်ရှိပါ၏။ နောင်လာလတ္တံ့သောနှစ်များတွင်ကျွန်တော်မျိုး ၏သားမြေးတို့အတွက် မည်သို့ပြုတော်မူမည် ကိုကတိထားတော်မူပါပြီ။ အို ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကြီးမြတ်သူတစ်ဦးအဖြစ်ကြို တင်၍သိမှတ်တော်မူပါပြီ။-
``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
ကိုယ်တော်ရှင်က``ငါသည်သင်၏သားတစ်ဦးဦးကို ဘုရင်အရာ၌ခန့်ထားမည်။ သူသည်သင်၏အရိုက်အရာကိုဆက်ခံရလိမ့်မည်။ အကယ်၍သင်၏သားတို့သည်ငါ၏ပဋိညာဉ်တော်ကို စောင့်ထိန်း၍ငါပေးသည့်သြဝါဒများကို လိုက်နာကျင့်သုံးကြပါမူ၊ သူ၏သားတို့သည်လည်းသင်၏အရိုက်အရာကို ဆက်ခံကာဘုရင်များအဖြစ်ဖြင့် အစဉ်အမြဲအုပ်စိုးရကြလိမ့်မည်'' ဟု ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်အားကျိန်ဆို ကတိပြုတော်မူခဲ့ပါ၏။ ကိုယ်တော်ရှင်သည်ယင်းကတိတော်ကိုပြန်လည် ရုပ်သိမ်းတော်မူမည်မဟုတ်ပါ။
ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။''
ငါသည်သူနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို ပျက်ပြယ်စေမည်မဟုတ်။ သူ့အားပေးခဲ့သောကတိတော်တစ်ခုကိုမျှ ရုပ်သိမ်းမည်မဟုတ်။
``ငါသည်အဘယ်အခါ၌မျှဒါဝိဒ်အား လှည့်စား၍ မိန့်ဆိုမည်မဟုတ်ဟူ၍ သန့်ရှင်းမြင့်မြတ်သည့်ငါ့နာမကိုတိုင်တည်၍ တစ်ခါတည်းအပြီးအပိုင်ကတိပေးပြီ။
ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
ကိုယ်တော်သည်မိမိပြုတော်မူလျက်နေ သည့်အမှုကိုသိတော်မူပါသည်တကား။ ကိုယ်တော်သည်ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေတော်မူပါ၏။ ဆိုးညစ်သူများနှင့် သူတို့အားကာကွယ်စောင့်ရှောက်သူတို့ကို အပြစ်ဒဏ်ခတ်ရန်ကြုံးဝါးတော်မူခဲ့ သည့်အတိုင်းပြုတော်မူပါ၏။-
မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။ သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
ငါသည်အရှေ့အရပ်မှလူတစ်ဦးကိုခေါ် ယူမည်။ သူသည်စွန်ရဲကဲ့သို့ထိုးဆင်းလာပြီးလျှင် ငါကြံစည်ထားသည့်အမှုတို့ကိုဆောင်ရွက် ပေးလိမ့်မည်။ ဤကားငါမြွက်ဆိုသည့်စကားဖြစ်၍ဤ အတိုင်း ဖြစ်ပျက်ရလိမ့်မည်။
ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း ဤနည်းအတိုင်းဖြစ်လိမ့်မည်။ ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။
ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။ ထာဝရဘုရားသည်မိန့်မြွက်တော်မူပြီးနောက် မိမိ၏စိတ်ကိုပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ပိုင်းဖြတ်တော်မူပြီးနောက်ကိုယ်တော်သည် နောက်ဆုတ်တော်မူလိမ့်မည်မဟုတ်။
ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။
ကိုယ်တော်သည်ရှေးအခါကအကျွန်ုပ်တို့ ၏ဘိုးဘေးတို့အား ကတိထားရှိခဲ့သည့် အတိုင်းအာဗြဟံနှင့်ယာကုပ်တို့၏အ ဆက်အနွယ်များဖြစ်သော ကိုယ်တော်၏ လူမျိုးတော်အားသစ္စာတော်၊ ကရုဏာတော် နှင့်အညီကျေးဇူးပြုတော်မူလိမ့်မည်။ ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
``ငါသည်ထာဝရဘုရားဖြစ်တော်မူ၍ ပြောင်းလဲတော်မမူ။ ထိုကြောင့်ယာကုပ်၏ သားမြေးဖြစ်သူသင်တို့သည်လုံးဝ ဆုံးရှုံးမှုမဖြစ်ကြသေးပေ။-
ငါ့ကိုဆန့်ကျင်ဘက်ပြုသောဆိုးသွမ်းသည့် သင်တို့အပေါင်းကို ငါသည်မုချဒဏ်ခတ်မည်။ သင်တို့ရှိသမျှသည်တောကန္တာရတွင်သေ ကြေပျက်စီးလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ'' ဟုမိန့်တော်မူ၏။
ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
ကိုယ်တော်သည်မည်သူ့ကိုမဆိုရွေးကောက်၍ ကောင်းချီးပေးတော်မူရန်ဆုံးဖြတ်တော်မူ ပြီးနောက်စိတ်သဘောပြောင်းလဲတော်မမူ တတ်။-
ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။-
ငါတို့သစ္စာဖောက်လျှင်ကိုယ်တော်သည် သစ္စာဖောက်တော်မမူ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မိမိသစ္စာတော်ကိုပယ်ဖျက်တော်မမူနိုင် သောကြောင့်ဖြစ်၏''
ထိုဘာသာတော်သည်ထာဝရအသက်ကို မျှော်လင့်မှုတွင်အခြေခံပေသည်။ မုသား နှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလမတည်ရှိမီကပင် ထာဝရ အသက်ကိုငါတို့အားပေးတော်မူရန် ကတိထားတော်မူပေသည်။-
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-
သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။-
ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။
ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။
ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-