Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 17:17 - Common Language Bible

17 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဤ​ထက်​မ​က ပို​၍​ပင် ကျေး​ဇူး​ပြု​တော်​မူ​လျက်​ရှိ​ပါ​၏။ နောင်​လာ​လတ္တံ့​သော​နှစ်​များ​တွင်​ကျွန်​တော်​မျိုး ၏​သား​မြေး​တို့​အ​တွက် မည်​သို့​ပြု​တော်​မူ​မည် ကို​က​တိ​ထား​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကြီး​မြတ်​သူ​တစ်​ဦး​အ​ဖြစ်​ကြို တင်​၍​သိ​မှတ်​တော်​မူ​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အို ဘု ရား သ ခင်၊ ထို ကျေး ဇူး တော် ကို သာ မ ည သ ဖွယ် အောက် မေ့ သည့် ပြင် ကျွန် တော် ကို ဘုန်း ကြီး သူ မှတ် ယူ လျက် ရှည် လျား သော နောင် ကာ လ တိုင် အောင် ကျွန် တော် မျိုး၏ အိမ် ထောင် ကို ရည်၍ မိန့် တော် မူ ပါ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သို့​ရာ​တွင် အို​ဘု​ရား​သ​ခင်၊ ထို​ကျေး​ဇူး​တော်​ကို သာ​မ​ည​ကျေး​ဇူး​ဟု ထင်​မှတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​နှင့်​ယှဉ်​လျက် မိန့်​တော်​မူ​ပါ​သည်​တ​ကား။ အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ဘုန်း​ကြီး​သော​သူ​ကဲ့​သို့ မှတ်​တော်​မူ​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အို ဘုရားသခင်​၊ ဤ​အရာ​သည် ကိုယ်တော့်​အဖို့ အသေးအဖွဲ​သာ​ဖြစ်​ပါ​၏​။ ကိုယ်တော့်​အစေအပါး​၏​အနာဂတ်​မျိုးဆက်​နှင့်​ပတ်သက်၍​လည်း ကိုယ်တော်​မိန့်​တော်မူ​လေ​ပြီ​။ အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​အား ချီးမြှောက်​ခြင်း​ကို ခံထိုက်သူ​အဖြစ် မြင်​တော်မူ​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 17:17
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​တို့​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​သော တန်​ခိုး​တော်​အား​ဖြင့် ငါ​တို့​တောင်း​လျှောက် ကြံ​စည်​သ​မျှ​သော​အ​ရာ​တို့​ထက်​သာ​လွန် ပို​မို​၍​ချ​ပေး​တော်​မူ​နိုင်​သော​ဘု​ရား​သ​ခင် သည် အ​သင်း​တော်​အား​ဖြင့်​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့်​လည်း​ကောင်း ထာ​ဝ​စဉ်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။


ထို့​နောက်​ဧ​လိ​ရှဲ​သည်​ဆက်​၍``ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​ရန်​လွယ်​ကူ​သော​အ​မှု ဖြစ်​၏။ ကိုယ်​တော်​သည်​မော​ဘ​ပြည်​သား​တို့ အား သင်​တို့​၏​လက်​သို့​အပ်​တော်​မူ​လိမ့်​မည်။-


သင်​မ​တောင်း​လျှောက်​သည့်​ဆု​ကို​လည်း​ငါ​ပေး မည်။ သင်​သည်​တစ်​သက်​လုံး​အ​ခြား​အ​ဘယ် ဘု​ရင်​နှင့်​မျှ​မ​တူ​အောင် စည်း​စိမ်​ချမ်း​သာ နှင့်​ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​မည်။-


သင့်​အား​ရှော​လု​၏​နိုင်​ငံ​နှင့်​မိ​ဖု​ရား​တို့ ကို​ပေး​အပ်​ခဲ့​၏။ ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တို့​ကို​အ​စိုး​ရ​သော​ဘု​ရင်​ဖြစ်​စေ​ခဲ့​၏။ အ​ကယ်​၍​ဤ​မျှ​နှင့်​မ​လုံ​လောက်​သေး​ပါ မူ​ငါ​သည်​သင့်​အား​နှစ်​ဆ​တိုး​၍​ပေး​ဦး မည်​ဖြစ်​သည်။-


အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား ယ​ခင်​က​ထက်​ပင်​ပို​၍​ကျေး​ဇူး ပြု​တော်​မူ​ပါ​သည်​တ​ကား။ လာ​လတ္တံ့​သော ကာ​လ​၌​အ​ကျွန်ုပ်​၏​သား​မြေး​တို့​အ​တွက် က​တိ​တော်​ပေး​တော်​မူ​ပါ​ပြီ။ အို အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​ကြောင်း​ကို​လူ​တစ်​ယောက်​အား​အ​သိ ပေး​တော်​မူ​ပါ​သည်​တ​ကား။-


ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ထိုင်​ပြီး​လျှင်``အို ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​နှင့်​ကျွန် တော်​မျိုး​၏​အိမ်​ထောင်​စု​သည် ကိုယ်​တော်​ရှင် ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​နှင့် မ​ထိုက်​တန်​ပါ။-


ဤ​ထက်​ပို​၍​မည်​သို့​လျှောက်​ထား​ရ​ပါ​မည် နည်း။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​ကောင်း​စွာ​သိ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​အား ချီး​မြှင့်​မြှောက်​စား​တော်​မူ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ