တောလည် 14:35 - Common Language Bible35 ငါ့ကိုဆန့်ကျင်ဘက်ပြုသောဆိုးသွမ်းသည့် သင်တို့အပေါင်းကို ငါသည်မုချဒဏ်ခတ်မည်။ သင်တို့ရှိသမျှသည်တောကန္တာရတွင်သေ ကြေပျက်စီးလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible35 ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြီ။ ငါ့ ကို ဆန့် ကျင် ဘက် စု ရုံး လျက် ဆိုး သွမ်း သော ဤ ပ ရိ သတ်၌ ထို သို့ စီ ရင် လိမ့် မည်။ ဤ သဲ တော တွင် သေ ကြေ ပျက် စီး ကြ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible35 အကယ်စင်စစ် ငါ့တစ်ဖက်၌စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကြေပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 ငါထာဝရဘုရားမိန့်တော်မူပြီ။ အကယ်စင်စစ် ငါ့ကို ဆန့်ကျင်စုဝေးကြသည့် ဤဆိုးညစ်သောလူထုအပေါင်းတို့ကို ငါသည် ထိုသို့ပြုမည်။ သူတို့သည် ဤတောကန္တာရထဲ၌ လမ်းဆုံးကြရလိမ့်မည်။ ထိုအရပ်တွင် သင်တို့ သေဆုံးကြရလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |