ဟဗက္ကုတ် 2:3 - Common Language Bible3 ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible3 ထို ရူ ပါ ရုံ သည်၊ ချိန်း ချက် သော ကာ လ၌၊ အ ထ မ မြောက် ခြင်း ကင်း လျက် လျင် မြန် စွာ ပြီး စီး လိမ့် မည်။ ဖင့် နွှဲ့ သော် လည်း စောင့် မြော် လော့။ နောက် မ ကျ ဘဲ အ တည် ဖြစ် လိမ့် မည် ဟု၊ တုံ့ ပြန်၍ ဗျာ ဒိတ် ပေး တော် မူ သည် မှာ၊ ဖြောင့် မတ် သူ သည်၊ အခန်းကိုကြည့်ပါ။Judson Bible3 ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသားနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ခေါင်းဆောင်ပညာရှိများအနက်အချို့သူ တို့သည်အသတ်ခံရကြလိမ့်မည်။ သို့ရာတွင် ယင်းသို့အသတ်ခံရကြမှုကြောင့် လူတို့၏ စိတ်နှလုံးသည်ဖြူစင်သန့်ရှင်း၍လာလိမ့်မည်။ ဤအမှုအရာများသည်ဘုရားသခင်ချိန်း ချက်သတ်မှတ်တော်မူသည့်ကာလတိုင် အောင်ဆက်လက်၍ဖြစ်လိမ့်မည်။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။