ဟေရှာယ 31:2 - Common Language Bible2 ကိုယ်တော်သည်မိမိပြုတော်မူလျက်နေ သည့်အမှုကိုသိတော်မူပါသည်တကား။ ကိုယ်တော်သည်ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေတော်မူပါ၏။ ဆိုးညစ်သူများနှင့် သူတို့အားကာကွယ်စောင့်ရှောက်သူတို့ကို အပြစ်ဒဏ်ခတ်ရန်ကြုံးဝါးတော်မူခဲ့ သည့်အတိုင်းပြုတော်မူပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ကိုယ် တော် သည် ဉာဏ် ပ ညာ ကျယ် ဝန်း၍၊ ပြ ဋ္ဌာန်း တော် မူ ချက် ကို မ လွှဲ ဘဲ၊ ဘေး သင့် စေ လျက်၊ ဆိုး သွမ်း သော လူ မျိုး တစ် ဘက်၌ လည်း ကောင်း၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ ကို ကူ ညီ သူ တို့ တစ် ဘက် ၌ လည်း ကောင်း၊ ထ ရပ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုဘုရားသည် ဉာဏ်တော်ကျယ်၍၊ သူတို့အပေါ်မှာ ဘေးကို သက်ရောက်စေတော်မူမည်။ စကားတော်မပျက်ဘဲ၊ ဆိုးသော လူမျိုးကိုလည်းကောင်း၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာနေသော သူတို့ကိုလည်းကောင်း တစ်ဖက်၌ ထတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ကိုယ်တော်သည် ဉာဏ်ပညာရှိတော်မူ၏။ ဘေးအန္တရာယ်ကို ကျရောက်စေမည်။ စကားတော်ကို မရုပ်သိမ်းဘဲ ဆိုးညစ်သောအမျိုးကို ဆန့်ကျင်ရန် ထတော်မူမည်။ အပြစ်ဒုစရိုက်ပြုသူတို့အား ကူညီသူကို ဆန့်ကျင်ရန် ထတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-
အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။