ဟေရှာယ 55:11 - Common Language Bible11 ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း ဤနည်းအတိုင်းဖြစ်လိမ့်မည်။ ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible11 နှုတ် တော် ထွက် ဗျာ ဒိတ် တော် လည်း အ လို တော် ရှိ ရာ ဖြစ် ထွန်း စေ ၍၊ ခိုင်း စေ သည့် အ တိုင်း အ ထ မ မြောက် ဘဲ၊ ငါ့ ထံ သို့ အ ကျိုး မဲ့ မ ပြန် ရ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
ဘုရားသခင်၏ကျေးဇူးတော်ကို အခါမလပ် ငါတို့ချီးမွမ်းကြသည့်အခြားအကြောင်း တစ်ရပ်မှာ ငါတို့သည်သင်တို့အားဟောပြော သောဘုရားသခင်၏တရားတော်ကိုလူ့ တရားမဟုတ်ဘဲ ဘုရားသခင်၏တရား တော်အမှန်ဖြစ်သည်နှင့်အညီသင်တို့ ကြားနာခံယူကြ၏။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည် ယုံကြည်သူသင် တို့၏စိတ်နှလုံးကိုပြုပြင်လျက်ရှိတော် မူသောကြောင့်တည်း။-