သင်နှင့်သင်၏သားတို့သည်တဲတော်နှင့်ဆိုင် သောဝတ်တို့ကိုဆောင်ရွက်ရာ၌ သင်၏ဆွေ မျိုးသားချင်းများဖြစ်သောလေဝိအနွယ် ဝင်တို့အားသင်တို့ကိုကူညီစေလော့။-
သက် သေ တော် ရှိ တဲ တော် ရှေ့ ခ စား ရ သော သင် နှင့် သား စဉ် မြေး ဆက် တို့ အား ဆည်း ကပ် ဆောင် ရွက် ကြ စေ ရန် ထို အ မျိုး အ နွယ် ဖြစ် သော သင့် ဆွေ မျိုး သား ချင်း လေ ဝိ အ နွယ် တို့ ကို ချဉ်း ကပ် ခွင့် ပေး လျက်၊
သင်၏ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူကူညီ၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှာ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
သက်သေခံချက်တဲတော်ရှေ့၌ သင်နှင့်သင်၏သားတို့ အမှုတော်ဆောင်ရွက်ရာတွင် သင်တို့နှင့်ပူးပေါင်း၍ အမှုတော်ဆောင်ရွက်ရန် သင့်ဘိုးဘေး၏မျိုးနွယ်ဖြစ်သည့် သင်၏အမျိုးသားချင်းလေဝိအမျိုးအနွယ်တို့ကို သင်နှင့်အတူခေါ်ဆောင်လော့။
ထိုနောက်သူသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားတစ်ယောက်ကိုဖွားမြင်ပြန်သည်ရှိသော် သူက``ငါ၏လင်ယောကျာ်းအားသားသုံး ယောက်ကိုဖွားမြင်ပေးပြီဖြစ်ရာသူသည် ငါ့အားယခင်ကထက်ပို၍ခင်တွယ်မှုရှိ မည်'' ဟုဆိုလျက်တတိယသားကိုလေဝိ ဟူ၍နာမည်မှည့်လေသည်။-
သူတို့သည်ဘုရားသခင်၏အစေခံမောရှေ စီရင်သည့်ပညတ်ကျမ်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီဗိမာန်တော်တွင် နေရာယူကြ၏။ လေဝိအနွယ်ဝင်တို့က ယဇ်ကောင်များ၏သွေးကိုယဇ်ပုရောဟိတ် တို့အားပေးအပ်၍ ယဇ်ပုရောဟိတ်တို့က ထိုသွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်း ကြလေသည်။-
သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့် ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။''
တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
ထိုနောက်မောရှေသည်တဲတော်ထဲရှိထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာရှေ့တွင်တောင်ဝှေး များကိုထားလေသည်။
သူတို့သည်သင်နှင့်အတူတဲတော်နှင့်ဆိုင် သောတာဝန်များကိုထမ်းဆောင်ရမည်။ လေဝိ အနွယ်ဝင်မှတစ်ပါးအခြားမည်သူမျှ သင်နှင့်အတူတဲတော်တာဝန်ကိုမဆောင် ရွက်စေရ။-
ထာဝရဘုရားကမောရှေအား၊-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့နှင့်စပ်လျဉ်း၍ ထာဝရ ဘုရားမိန့်မှာတော်မူသမျှအတိုင်းဆောင် ရွက်ကြသည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့ သည် အာရုန်နှင့်သူ၏သားများကြီးကြပ် ကွပ်ကဲမှုဖြင့်တဲတော်တွင်အမှုတော် ထမ်းကြလေသည်။
ဤဝတ်ပြုခြင်းထုံးနည်းကိုဖော်ပြအံ့။ ယဇ် ပုရောဟိတ်တို့သည် မိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရာတွင်အပြင်တဲတော်သို့ နေ့စဉ်ဝင်ရကြ၏။-