တောလည် 16:40 - Common Language Bible40 အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။ အခန်းကိုကြည့်ပါ။Judson Bible40 ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတစ်ပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40 ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်းသည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ်အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာသူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည်သာလျှင်ထာဝရဘုရား၏ရှေ့တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင်ရွက်ခွင့်ရရှိကြသတည်း။
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-