Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 8:22 - Common Language Bible

22 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​စပ်​လျဉ်း​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင် ရွက်​ကြ​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အနွယ်​ဝင်​တို့ သည် အာ​ရုန်​နှင့်​သူ​၏​သား​များ​ကြီး​ကြပ် ကွပ်​ကဲ​မှု​ဖြင့်​တဲ​တော်​တွင်​အ​မှု​တော် ထမ်း​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထို နောက် လေ ဝိ အ နွယ် သား တို့ သည် အာ ရုန် နှင့် သား တို့ ရှေ့ တွင် တွေ့ ဆုံ ရာ တဲ တော် ဆိုင် သော အ မှု ကို ဆောင် ရွက် ရန် ဝင် သွား ကြ၏။ သူ တို့ နှင့် စပ် လျဉ်း၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပင် သူ တို့၌ ပြု ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​နောက်​မှ လေ​ဝိ​သား​တို့​သည် အာ​ရုန်​နှင့် သူ၏​သား​တို့​ရှေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ကြ၏။ လေ​ဝိ​သား​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း လူ​အ​ပေါင်း​တို့​သည် ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့နောက်မှ လေဝိ​အမျိုး​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​အမှု​တော်​ထမ်းဆောင်​ရန် အာရုန်​နှင့်​သူ့​သား​တို့​ရှေ့​သို့ လာ​ကြ​၏​။ လေဝိ​အမျိုး​တို့​နှင့်​ပတ်သက်၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 8:22
9 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင်​တို့ သည်​ပြည်​သူ​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​ထံ တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​လျှောက် ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​စံ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ပတ္ထ​နာ​ကို​နား ညောင်း​တော်​မူ​၏။


ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​မိန့်​ကြား​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။-


စစ်​မှု​ထမ်း​စေ​မည့်​အ​စား​ကောက်​ယူ​ရာ​တွင်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​ထိန်း​သိမ်း​စေ​လော့။ သူ​တို့​သည်​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​သယ်​ဆောင်​ရ​မည်။ သူ​တို့​သည်​တဲ​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​၍​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​နေ​ထိုင်​ရ​မည်။-


သင်​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​စင်​မှု၊ ဆက်​ကပ်​မှု​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​တို့ သည်​တဲ​တော်​တွင်​အ​မှု​တော်​ဆောင်​နိုင်​လိမ့် မည်။-


လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သန့်​စင်​စေ​၍ အ​ဝတ်​များ​ကို​လျှော်​ဖွပ်​ကြ ပြီး​နောက် အာ​ရုန်​သည်​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​ကပ်​လေ​၏။ သူ​တို့​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​လည်း​ဆောင်​ရွက်​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ