Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 29:34 - Common Language Bible

34 ထို​နောက်​သူ​သည်​တစ်​ဖန်​ကိုယ်​ဝန်​ဆောင်​၍ သား​တစ်​ယောက်​ကို​ဖွား​မြင်​ပြန်​သည်​ရှိ​သော် သူ​က``ငါ​၏​လင်​ယောကျာ်း​အား​သား​သုံး ယောက်​ကို​ဖွား​မြင်​ပေး​ပြီ​ဖြစ်​ရာ​သူ​သည် ငါ့​အား​ယ​ခင်​က​ထက်​ပို​၍​ခင်​တွယ်​မှု​ရှိ မည်'' ဟု​ဆို​လျက်​တ​တိ​ယ​သား​ကို​လေ​ဝိ ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 တစ် ဖန် သ န္ဓေ ရ ပြန်၍ သား ယောက်ျား ကို ဖွား မြင် သော် သား သုံး ယောက် ကို ငါ ဖွား မြင် သော ကြောင့် ယ ခု အ ခါ ငါ့ လင် သည် ငါ့ ကိုစွဲ လမ်း လိမ့် မည် ဟု ဆို ၍ လေ ဝိ အ မည် ဖြင့် မှည့် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ငါ့​လင်​အား သား​သုံး​ယောက်​ကို ငါ​ဖွား​မြင်​သော​ကြောင့်၊ ယ​ခု​တစ်​ခါ​သူ​သည် ငါ​နှင့် ပေါင်း​ဖော်​လိမ့်​မည်​ဟု​ဆို၍၊ ထို​သား​ကို လေ​ဝိ​အ​မည်​ဖြင့်​မှည့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 သူ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ငါ့​ယောက်ျား​အတွက် သား​သုံး​ယောက်​ကို ငါ​ဖွားမြင်​ပြီ​ဖြစ်၍ ယခု​တစ်ခါ သူ​သည် ငါ့​ကို​တွယ်တာ​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို လေဝိ ဟု​မှည့်ခေါ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 29:34
11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည်​ငါ့​အား လက်​ဆောင်​ကောင်း​ကို​ပေး​သ​နား​တော်​မူ​ပြီ။ ငါ သည်​သား​ခြောက်​ယောက်​ကို​ဖွား​မြင်​ပေး​သ​ဖြင့် ယ​ခု​ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​ကို​မြတ်​နိုး လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​ဇာ​ဗု​လုန် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-


ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-


လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။


ထို​နောက်​အာ​ဒံ​သည်​မ​ယား​နှင့်​ဆက်​ဆံ​သ​ဖြင့် ဧ​ဝ​သည်​ပ​ဋိ​သန္ဓေ​စွဲ​၍​သား​ယောကျာ်း​ကို​ဖွား မြင်​လေ​၏။ ``ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း အား​ဖြင့်​သား​ကို​ရ​ပြီ'' ဟု​ဧ​ဝ​ပြော​ဆို​လျက် ထို​သား​ကို​ကာ​ဣ​န​ဟု​နာ​မည်​မှည့်​လေ​၏။-


လေ​ဝိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။-


လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည် လေ​ဝိ အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​၍၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ