ယေဇကျေလ 44:15 - Common Language Bible15 အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ငါ့ ထံ မှ ဣ သ ရေ လ အ မျိုး သား တို့ လမ်း လွှဲ ရာ တွင်၊ ငါ့ သန့် ရှင်း ရာ ဌာ န တော် ကို စောင့် ရှောက် သော၊ ဇာ ဒုတ် အ နွယ် လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ ကား ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ စောင့် အ ရှောက် တော် များ အ ဖြစ်၊ အ မှု တော် ကို ဆောင် ရွက် ရန် အ ထံ တော် သို့ တိုး ဝင် ခွင့်၊ ဆီ ဥ နှင့် အ သွေး ကို ဆက် ကပ် ရန် ရှေ့ တော် တွင် ခ စား ခွင့်၊ အခန်းကိုကြည့်ပါ။Judson Bible15 ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရောဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှာ ငါ့ထံသို့ ချဉ်းကပ်ရကြမည်။ ငါ့အား ဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှာ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်းသည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ်အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာသူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည်သာလျှင်ထာဝရဘုရား၏ရှေ့တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင်ရွက်ခွင့်ရရှိကြသတည်း။
ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-