တောလည် 8:19 - Common Language Bible19 ဣသရေလအမျိုးသားတို့ထံမှပူဇော် သကာအဖြစ် အာရုန်နှင့်သူ၏သားများ လက်သို့အပ်နှံ၏။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုယ်စားတဲတော်တွင်အမှု ထမ်းရမည်။ ဣသရေလအမျိုးသားတို့ သန့်ရှင်းရာဌာနတော်အနီးသို့ချဉ်းကပ်၍ ဘေးဒဏ်မသင့်စေရန်သူတို့ကကာကွယ် စောင့်ရှောက်ပေးရမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ဣ သ ရေ လ အ မျိုး သား တို့ အ တွက် တွေ့ ဆုံ ရာ တဲ တော် ဆိုင် ရာ အ မှု ကို ဆောင် ရွက် စေ ခြင်း ငှါ လည်း ကောင်း၊ ဣ သ ရေ လ အ မျိုး သား တို့ သည် သန့် ရှင်း ရာ ဌာ န တော် ကို ချဉ်း ကပ် မိ ကြ သ ဖြင့် ဘေး ရောက် မည့် စိုး၍ အ ကွယ် အ ကာ ဖြစ် စေ ခြင်း ငှါ လည် ကောင်း၊ အာ ရုန် နှင့် သား တို့ အား ဣ သ ရေ လ အ မျိုး သား တို့ အ နက် ငါ အပ် လေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible19 သူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသား ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့်လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့အား စွန့်ကြဲပေးကမ်းသည်ဟု၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 အစ္စရေးအမျိုးသားတို့အတွက် တွေ့ဆုံစည်းဝေးရာတဲတော်တွင် အမှုတော်ထမ်းရန်နှင့် အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ငါသည် အစ္စရေးလူမျိုးထဲမှ လေဝိအမျိုးကို အာရုန်နှင့်သူ့သားတို့အား လုံးလုံးပေးအပ်ထားပြီ။ သို့မှ အစ္စရေးအမျိုးသားတို့ သန့်ရှင်းရာဌာနသို့ချဉ်းကပ်သောအခါ ဘေးဒဏ်မကျရောက်ဘဲနေမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-