ဟေဗြဲ 9:6 - Common Language Bible6 ဤဝတ်ပြုခြင်းထုံးနည်းကိုဖော်ပြအံ့။ ယဇ် ပုရောဟိတ်တို့သည် မိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရာတွင်အပြင်တဲတော်သို့ နေ့စဉ်ဝင်ရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ဆို ခဲ့ သည့် ဌာ န များ ကို ထို သို့ တည် လုပ် ပြီး နောက် ပ ရော ဟိတ် တို့ သည် ဆိုင် ရာ ဝတ် ဆောင် ရွက် ရန် အ ပြင် တဲ တော် သို့ နေ့ စဉ် ဝင် လေ့ ရှိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုသို့ ခပ်သိမ်းသောအရာတို့သည် ပြင်ဆင်လျက်ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပထမတဲတော်အတွင်းသို့ အစဉ်ဝင်ရကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ၎င်းတို့ကို ထိုသို့ပြင်ဆင်ပြီးသောအခါ ယဇ်ပုရောဟိတ်တို့သည် တဲတော်ပထမအခန်းထဲသို့ အစဉ်ဝင်၍ ဝတ်ပြုခြင်းအမှုများကိုဆောင်ရွက်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ဤအရာများကို ပြင်ဆင်ပြီးသောအခါ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြုခြင်းအမှုများကို ဆောင်ရွက်ရန် ပထမအခန်းထဲသို့ အစဉ်ဝင်ကြရ၏။ အခန်းကိုကြည့်ပါ။ |
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-