ကျွန်ုပ်ထွက်သွားသည့်နောက် သိုးစုကိုမညှာမတာ ကိုက်ဖြတ်စားတတ်သောဝံပုလွေတို့သည် သင်တို့အထဲ၌ ဝင်လာလိမ့်မည်ကို ကျွန်ုပ်သိ၏။
၂ သက် 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတရားမဲ့မှု၏ လျှို့ဝှက်သောတန်ခိုးသည် ယခု လှုပ်ရှားနေပြီဖြစ်၏။ သို့သော်လည်း တားဆီးသူသည် ဖယ်ရှားခံရချိန် မရောက်မီတိုင်အောင် တားဆီးနေလိမ့်မည်။ Common Language Bible လျှို့ဝှက်လျက်ရှိသည့်ယုတ်မာမှုကြီးသည် ယခုအခါ၌ပင်လျှင်လှုပ်ရှားလျက်ရှိပေပြီ။ သို့ရာတွင်ဟန့်တားသူကိုဖယ်ရှားလိုက်သော အခါဖြစ်ပျက်မည့်အကြောင်းအရာတို့သည် ဖြစ်ပျက်လာလိမ့်မည်။- Garrad Bible ဒု စ ရိုက် နက် နဲ ရာ သည် ယ ခု ပင် ပြု ပြင် လျက် ရှိ သော် လည်း ဆီး တား သူ မ ပြောင်း လဲ မီ မ ပေါ် နိုင်။ Judson Bible အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မီတိုင်အောင် ဆီးတားလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တရားမဲ့ခြင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာသည် လှုပ်ရှားနေပြီဖြစ်၏။ သို့သော် ယခုတားဆီးထားသောသူသည် ဖယ်ရှားခြင်းခံရသည်အထိ တားဆီးလိမ့်မည်။ |
ကျွန်ုပ်ထွက်သွားသည့်နောက် သိုးစုကိုမညှာမတာ ကိုက်ဖြတ်စားတတ်သောဝံပုလွေတို့သည် သင်တို့အထဲ၌ ဝင်လာလိမ့်မည်ကို ကျွန်ုပ်သိ၏။
ထိုသူသည် အချိန်ကျသောအခါ ပေါ်လာစေရန် ယခု မည်သည့်အရာက သူ့ကို တားဆီးနေကြောင်း သင်တို့သိကြ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ယေရှုခရစ်တော်ကို ဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ မဟုတ်ဘဲ ခရစ်တော်၏ရန်သူထံမှ လာသောဝိညာဉ်ဖြစ်၏။ ထိုခရစ်တော်၏ရန်သူသည် ဤကမ္ဘာလောကသို့ ရောက်လာတော့မည်ဟု သင်တို့ကြားရသောသူဖြစ်၏။ သူသည် ယခုပင် ကမ္ဘာလောက၌ ရှိနေပြီဖြစ်၏။
သူ၏နဖူးပေါ်၌ “ပြည့်တန်ဆာတို့နှင့် ကမ္ဘာလောကရှိ စက်ဆုပ်ရွံရှာဖွယ်ရာတို့၏ မိခင်၊ ဘေဘီလုံမြို့ကြီး” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ကို ရေးထား၏။
ထိုအခါ ကောင်းကင်တမန်က “အဘယ်ကြောင့် အံ့သြနေသနည်း။ ထိုအမျိုးသမီး၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာကိုလည်းကောင်း၊ ထိုအမျိုးသမီး ထိုင်နေသော ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ရှိသည့် သားရဲ၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကိုလည်းကောင်း ငါပြောပြမည်။