Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 2:7 - Common Language Bible

7 လျှို့​ဝှက်​လျက်​ရှိ​သည့်​ယုတ်​မာ​မှု​ကြီး​သည် ယ​ခု​အ​ခါ​၌​ပင်​လျှင်​လှုပ်​ရှား​လျက်​ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ဟန့်​တား​သူ​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ​ဖြစ်​ပျက်​မည့်​အ​ကြောင်း​အ​ရာ​တို့​သည် ဖြစ်​ပျက်​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဒု စ ရိုက် နက် နဲ ရာ သည် ယ ခု ပင် ပြု ပြင် လျက် ရှိ သော် လည်း ဆီး တား သူ မ ပြောင်း လဲ မီ မ ပေါ် နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝှက်​ထား​လျက်​ရှိ​သော ထို​အ​ဓ​မ္မ​အ​ရာ​သည် ယ​ခု​ပင် ပြု​ပြင်​ဆဲ​ရှိ၏။ သို့​သော်​လည်း ဆီး​တား​သော​သူ​သည် ပယ်​ရှင်း​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင် ဆီး​တား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကြောင်းမူကား တရားမဲ့​ခြင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လှုပ်ရှား​နေ​ပြီ​ဖြစ်​၏။ သို့သော် ယခု​တားဆီး​ထား​သော​သူ​သည် ဖယ်ရှား​ခြင်း​ခံရ​သည်​အထိ တားဆီး​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထို​တရားမဲ့မှု​၏ လျှို့ဝှက်သော​တန်ခိုး​သည် ယခု လှုပ်ရှားနေပြီ​ဖြစ်၏။ သို့သော်လည်း တားဆီးသူ​သည် ဖယ်ရှားခံရ​ချိန် မရောက်မီ​တိုင်အောင် တားဆီးနေ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 2:7
9 ပူးပေါင်းရင်းမြစ်များ  

ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။-


ယ​ခု​အ​ခါ​ထို​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ် ပျက်​သေး​သည်​မှာ​ဟန့်​တား​သည့်​အ​ရာ​ရှိ သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို​သင်​တို့​သိ ကြ​၏။ သို့​ဖြစ်​၍​သူ​ယုတ်​မာ​ကြီး​သည် အ​ချိန်​ကျ​သော​အ​ခါ​ပေါ်​ထွန်း​လာ​လိမ့် မည်။-


ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​နက်​နဲ​ပုံ​ကို အ​ဘယ်​သူ​မျှ​ငြင်း​ဆို​၍​မ​ရ​ပေ။ ထို​နက်​နဲ ပုံ​ကား​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​၌​ပေါ်​ထွန်း​တော်​မူ ပြီ။ ဟုတ်​မှန်​တော်​မူ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖော်​ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​တ​မန်​များ​သည်​ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ ကိုယ်​တော်​၏​အ​ကြောင်း​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ကြေ​ညာ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​သည်​ယုံ​ကြည်​ကြ​ပြီ။ ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော် မူ​ပြီ။


သား​သ​မီး​တို့၊ အ​ဆုံး​စွန်​သော​ကာ​လ​သည် ယ​ခု​နီး​လာ​လေ​ပြီ။ ခ​ရစ်​တော်​၏​ရန်​သူ​ပေါ် ပေါက်​လာ​မည်​ဖြစ်​ကြောင်း​ကို​သင်​တို့​ကြား​သိ ခဲ့​ကြ​၏။ ယ​ခု​ပင်​လျှင်​ခ​ရစ်​တော်​၏​ရန်​သူ အ​များ​အ​ပြား​ပေါ်​ပေါက်​လျက်​ရှိ​လေ​ပြီ။ ဤ အ​ချက်​ကို​ထောက်​၍​အဆုံး​စွန်​သော​ကာ​လ ရောက်​လာ​ကြောင်း​ကို​ငါ​တို့​သိ​ရ​ကြ​၏။-


ယင်း​သို့​ဝန်​မ​ခံ​သူ​သည်​ကား ဘု​ရား​သ​ခင် ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​သူ​မ​ဟုတ်။ ထို​သူ​တွင်​ကိန်း​အောင်း သည့်​ဝိ​ညာဉ်​မှာ ခ​ရစ်​တော်​၏​ရန်​သူ​ဖြစ်​၏။ ခ​ရစ်​တော်​၏​ရန်​သူ​ဝိ​ညာဉ်​သည် ဤ​လော​က သို့​ရောက်​ရှိ​လာ​မည်​ဖြစ်​ကြောင်း၊ သင်​တို့​ကြား သိ​ခဲ့​ကြ​၏။ သူ​သည်​ယ​ခု​ပင်​လျှင်​ရောက်​ရှိ လျက်​နေ​လေ​ပြီ။


သူ​၏​န​ဖူး​ပေါ်​တွင်``ပြည့်​တန်​ဆာ​အ​ပေါင်း​နှင့် လော​က​၌​စက်​ဆုပ်​ဖွယ်​ရာ​များ​၏​မိ​ခင်၊ ဗာ​ဗု လုန်​မြို့​ကြီး'' ဟူ​၍​လျှို့​ဝှက်​သည့်​အ​နက်​ရှိ သော​ကမ္ပည်း​ကို​ရေး​ထိုး​ထား​၏။-


ကောင်း​ကင်​တ​မန်​က​အ​ဘယ်​ကြောင့်​အံ့​သြ သ​နည်း။ ထို​အ​မျိုး​သ​မီး​၏​လျှို့​ဝှက်​သည့် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​လည်း​ကောင်း၊ သူ​ထိုင်​နေ သော​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​သည့်​သား​ရဲ​၏​လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​လည်း​ကောင်း​ငါ​ပြော​ပြ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ