သင်တို့သည် ယခုတိုင်အောင် နားမလည်နိုင်ကြသေးသလော။ မုန့်ငါးလုံးကို ဖဲ့၍ လူငါးထောင်အား ငါကျွေးမွေးခဲ့စဉ် အကျိုးအပဲ့ဘယ်နှတောင်း ကောက်သိမ်းခဲ့ရသည်ကို သတိမရကြသလော။
၂ သက် 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ် သင်တို့နှင့်အတူ ရှိစဉ်က ဤအကြောင်းအရာများ ပြောခဲ့သည်ကို သင်တို့ မမှတ်မိကြသလော။ Common Language Bible ငါသည်သင်တို့နှင့်အတူရှိခဲ့စဉ်အခါက ဤအကြောင်းအရာများကိုသင်တို့အား ပြောပြခဲ့၏။ သင်တို့မမှတ်မိကြသလော။- Garrad Bible သင် တို့ နှင့် အ တူ ရှိ သေး စဉ် ထို သို့ ငါ ပြော ဆို ကြောင်း သ တိ မ ရ ကြ လော။ Judson Bible ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟု သင်တို့သည် သတိမရကြသလော။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့်အတူရှိနေစဉ်က ဤအရာများကို သင်တို့အား ငါပြောခဲ့ကြောင်း သင်တို့သတိမရကြသလော။ |
သင်တို့သည် ယခုတိုင်အောင် နားမလည်နိုင်ကြသေးသလော။ မုန့်ငါးလုံးကို ဖဲ့၍ လူငါးထောင်အား ငါကျွေးမွေးခဲ့စဉ် အကျိုးအပဲ့ဘယ်နှတောင်း ကောက်သိမ်းခဲ့ရသည်ကို သတိမရကြသလော။
သင်တို့သည် မျက်စိရှိလျက်နှင့် မမြင်ကြသလော။ နားရှိလျက်နှင့် မကြားကြသလော။ ဖြစ်ပျက်သမျှကို သတိမရကြသလော။
ဤအကြောင်းအရာများကို သင်တို့အား ယခု ငါပြောပြီ။ သို့မှသာ ဤအရာများဖြစ်ပျက်လာသောအခါ သင်တို့အား ငါပြောနှင့်ပြီးဖြစ်ကြောင်းကို သင်တို့သတိရကြလိမ့်မည်။ ယခင်က သင်တို့ကို ငါမပြောဘဲ နေခဲ့သည်မှာ ငါသည် သင်တို့နှင့်အတူ ရှိနေသေးသောကြောင့် ဖြစ်၏။
ထို့ကြောင့် သတိနှင့်နေကြလော့။ ကျွန်ုပ်သည် သုံးနှစ်တာပတ်လုံး နေထိုင်ခဲ့သည်တွင် နေ့ညမပြတ် မျက်ရည်ကျလျက် သင်တို့အား တိုက်တွန်းနိုးဆော်ခဲ့သည်ကို သတိရကြလော့။
သဝန်တိုခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းနှင့် ထိုကဲ့သို့သောအရာများဖြစ်၏။ ထိုသို့သောအရာများကို ပြုမူသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံကြရမည်မဟုတ်ကြောင်း ကျွန်ုပ်ယခင်က ပြောခဲ့သည့်အတိုင်း ယခုလည်း သတိပေးလိုက်၏။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူဆက်ဆံသကဲ့သို့ ကျွန်ုပ်တို့သည် သင်တို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူဆက်ဆံကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ ရှိစဉ်ကပင် ဆင်းရဲဒုက္ခခံရမည်ဟု သင်တို့ကို ကြိုတင်ပြောဆိုခဲ့သောကြောင့် ဖြစ်၏။ ပြောဆိုခဲ့သည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်တို့သိကြ၏။
ထိုသူသည် အချိန်ကျသောအခါ ပေါ်လာစေရန် ယခု မည်သည့်အရာက သူ့ကို တားဆီးနေကြောင်း သင်တို့သိကြ၏။
သင်တို့နှင့် အတူရှိစဉ်က “အလုပ်မလုပ်လိုသောသူကို အစားအစာလည်း မစားစေနှင့်” ဟု ကျွန်ုပ်တို့ ညွှန်ကြားခဲ့၏။
ကျွန်ုပ်သေဆုံးပြီးနောက်တွင်လည်း ဤအကြောင်းအရာများကို သင်တို့အစဉ်သတိရနေစေရန် ကျွန်ုပ်ကြိုးစားအားထုတ်မည်။