ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယုဒရှကာရုတ်လာရခြင်းအကြောင်းကို ကြားသောအခါ ဝမ်းမြောက်၍ သူ့အား ငွေပေးရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒသည် ယေရှုကို ထိုသူတို့လက်သို့ အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်နေ၏။
၂ သက် 2:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သူတို့အားလုံးသည် သမ္မာတရားကို မယုံကြည်ဘဲ မတရားမှုကို နှစ်သက်သောကြောင့် ပြစ်ဒဏ်စီရင်တော်မူခြင်း ခံကြရလိမ့်မည်။ Common Language Bible သို့ဖြစ်၍သမ္မာတရားကိုမယုံကြည်ဘဲ အပြစ်ပြုရန်နှစ်သက်ကြသူတို့သည်အပြစ် ဒဏ်စီရင်တော်မူခြင်းကိုခံရကြလတ္တံ့။ Judson Bible တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှာ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှုကိုနှစ်သက်သောသူအားလုံး စီရင်ခြင်းခံရမည့်အကြောင်းတည်း။ |
ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယုဒရှကာရုတ်လာရခြင်းအကြောင်းကို ကြားသောအခါ ဝမ်းမြောက်၍ သူ့အား ငွေပေးရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒသည် ယေရှုကို ထိုသူတို့လက်သို့ အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်နေ၏။
ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။
ထိုသို့ပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားကြောင်းကို သိလျက်နှင့်ပင် မိမိတို့ကိုယ်တိုင်ပြုကျင့်သည်သာမက ထိုသို့ပြုကျင့်သောအခြားသူတို့ကိုလည်း အားပေးအားမြှောက်ပြုကြသေး၏။
သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။
သို့သော် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်ရှင်၍ သမ္မာတရားကို မလိုက်နာဘဲ ဆိုးယုတ်စွာ အသက်ရှင်သောသူတို့အပေါ် ဘုရားသခင်သည် မိမိ၏ ဒေါသနှင့်အမျက်ကို ကျရောက်စေတော်မူလိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမျက်တော်ခံရစေရန် သတ်မှတ်ထားတော်မူသည်မဟုတ်။ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် လုပ်ဆောင်သောအမှုဖြင့် ကယ်တင်ခံရစေရန် သတ်မှတ်ထားတော်မူ၏။
ထို့နောက် ပျက်စီးတော့မည့်သူတို့ကို မတရားသော နည်းပရိယာယ်အမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ သူတို့ပျက်စီးတော့မည့် အကြောင်းအရင်းသည် ကယ်တင်ခံရရန် သမ္မာတရားကို နှစ်သက်လက်ခံခြင်း မရှိသောကြောင့်ဖြစ်၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။
ချစ်ခင်ရသောသူ… မကောင်းမှုကို အတုမယူဘဲ ကောင်းမှုကိုသာ အတုယူလော့။ ကောင်းမှုကို ပြုသောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ မကောင်းမှုကို ပြုသောသူသည် ဘုရားသခင်ကို မမြင်ဖူး။