Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 14:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​က ယုဒရှကာရုတ်​လာရခြင်း​အကြောင်း​ကို ကြား​သောအခါ ဝမ်းမြောက်​၍ သူ့​အား ငွေ​ပေး​ရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒ​သည် ယေရှု​ကို ထို​သူတို့​လက်သို့ အပ်နှံ​ရန် အခွင့်ကောင်း​ကို ရှာကြံ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထို​သူ​တို့​သည်​သူ​လာ​ရ​သည့်​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ ဝမ်း​မြောက်​သ​ဖြင့်​သူ့​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ယု​ဒ သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို သူ တို့ ကြား နာ ဝမ်း မြောက်၍ ငွေ ပေး မည် ဟု က တိ ထား ကြ သ ဖြင့် ပို့ အပ် ရန် အ ချိန် အ ခွင့် ကို ယု ဒ ရှာ ကြံ လျက် နေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​သူ​တို့​သည် ကြား​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။ ထို​နောက် အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို အ​ဘယ်​သို့​အပ်​ရ​မည်​နည်း​ဟု ရှာ​ကြံ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သူ​တို့​သည်​ကြား​လျှင် ဝမ်းမြောက်​၍ သူ့​ကို​ငွေ​ပေး​မည်​ဟု ကတိ​ပေး​ကြ​၏။ သူ​သည်​လည်း သင့်လျော်​သော​အချိန်​၌ ကိုယ်တော်​ကို​အပ်နှံ​နိုင်​ရန် နည်းလမ်း​ကို​ရှာကြံ​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 ထို​သူ​တို့​သည် ကြား​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။ ထို​နောက် အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို အ​ဘယ်​သို့​အပ်​ရ​မည်​နည်း​ဟု ရှာ​ကြံ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:11
14 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် တပည့်တော်​ဆယ့်နှစ်ပါး​တွင် တစ်ပါး​ဖြစ်သော ယုဒရှကာရုတ်​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​ထံသို့ သွားရောက်ပြီး​လျှင်


“ယေရှု​ကို သင်တို့​ထံ အပ်​လျှင် ကျွန်ုပ်​အား ငွေ​မည်မျှ ပေးမည်နည်း” ဟု မေးလေ၏။ သူတို့​ကလည်း ငွေ​ဒင်္ဂါး​ပြား​သုံးဆယ်​ပေးကြ၏။


ထို့နောက် တပည့်တော်​ဆယ့်နှစ်ပါး​တွင် တစ်ပါး​ဖြစ်သော ယုဒရှကာရုတ်​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​လက်သို့ ယေရှု​ကို အပ်​ရန် သူတို့​ထံသို့ ထွက်သွားလေ၏။


တဆေးမဲ့​မုန့်ပွဲတော်​ပထမ​နေ့​ဖြစ်သည့် ပသခါ​သိုးသငယ်​ကို ယဇ်ပူဇော်ရသော​နေ့​တွင် ယေရှု​၏ တပည့်တော်တို့​က “သခင့်​အတွက် ပသခါပွဲတော်​ညစာ​ကို အကျွန်ုပ်တို့ မည်သည့်​နေရာ​သို့ သွား​၍ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။


ထိုအခါ စာတန်မာရ်နတ်​သည် တပည့်တော်​ဆယ့်နှစ်ပါး​ထဲမှ တစ်ပါး​ဖြစ်သည့် ရှကာရုတ်​ဟု ခေါ်သော ယုဒ​ထဲသို့ ဝင်လေ၏။


ငွေ​ကို တပ်မက်ခြင်း​သည် မကောင်းမှု​အမျိုးမျိုး​၏ အရင်းအမြစ်​ဖြစ်၏။ လူတချို့​သည် ငွေ​ကို တပ်မက်​သောကြောင့် ယုံကြည်ခြင်း​တရား​ကို စွန့်​ကာ အလွန်​ဝမ်းနည်း​ပူဆွေးခြင်း​ကို နာကျင်​စွာ ခံစားကြရ၏။


သူတို့​သည် အမင်္ဂလာ​ရှိကြ၏။ သူတို့​သည် ကာဣန​၏​လမ်းစဉ်​သို့ လိုက်ကြပြီ။ ဗာလမ်​သည် အခကြေးငွေ​ကို ရလို​၍ မှားယွင်း​သကဲ့သို့ ဗာလမ်​နည်းတူ အလျင်အမြန်​မှားယွင်းကြပြီ။ ကောရ​ကဲ့သို့ ပုန်ကန်​သဖြင့် ပျက်စီး​ဆုံးရှုံးကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ