ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
၂ ပေ 2:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။ Common Language Bible ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။- Garrad Bible ဘု ရား သ ခင် သည် ပြစ် မှား သော စေ တ မန် တော် များ ကို ပင် မ ညှာ ဘဲ စီ ရင် ဆုံး ဖြတ် ချိန် မ တိုင် မ ချင်း အ ပါယ် မှောင် မိုက် တွင်း များ၌ သွင်း ထား တော် မူ လျှင် လည်း ကောင်း၊ Judson Bible အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။ |
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထိုသူတို့က “ဘုရားသခင်၏သားတော်… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်မတိုင်မီ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲရန် ဤနေရာသို့ ကြွလာတော်မူသလော” ဟူ၍ ယေရှုကို အော်ဟစ်ပြောဆိုကြ၏။
“အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် ဘုရားသခင်ကို အမှီပြု၍ တောင်းပန်ပါ၏” ဟု အော်ဟစ်၍ လျှောက်လေ၏။
ကိုယ်တော်က “စာတန်မာရ်နတ်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်မှ ကျလာသည်ကို ငါမြင်၏။
ထို့နောက် နတ်ဆိုးတို့က တွင်းနက်ကြီးထဲသို့ မချသေးရန် ယေရှုအား ထပ်၍ တောင်းပန်ကြ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူလျှင် သင့်ကိုလည်း ညှာတာတော်မူမည်မဟုတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။
သို့ရာတွင် ထိုသူတို့ထက် ခွန်အား၊ တန်ခိုး ပို၍ ကြီးမားသော ကောင်းကင်တမန်များပင် ထာဝရဘုရားရှေ့တော်၌ ထိုဘုန်းတန်ခိုးကြီးသူတို့အား စော်ကားပြောဆိုသည့် စီရင်မှုကို မပြုကြ။
ဘုရားသခင်သည် ရှေးခေတ်လောကီသားတို့ကိုလည်း ချမ်းသာပေးတော်မမူဘဲ ထိုဘုရားတရားမဲ့သောလောကီသားတို့ကို ရေလွှမ်းမိုး၍ ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ နောဧနှင့် သူ၏ မိသားစုဝင်ခုနစ်ဦးတို့ကိုသာ ကာကွယ်တော်မူ၏။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။
သူတို့သည် မိမိတို့၏ အရှက်ကို အမြှုပ်ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့ပင်လယ်လှိုင်းလုံးများနှင့်တူကြ၏။ လှည့်လည်နေသောကြယ်များနှင့် တူကြ၏။ ထိုကြယ်များအတွက် အမှောင်မိုက်ဆုံးသော ထာဝရအမှောင်ကို ပြင်ဆင်ထား၏။
ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။