၂ ပေ 2:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။ Common Language Bible သူတို့သည်ထိုသူတို့အားလွတ်လပ်မှုကို ကတိပေးခဲ့သော်လည်း မိမိတို့ကိုယ်တိုင် ပင်လျှင်ပျက်စီးစေမည့်အကျင့်များ၏ ကျွန်ဖြစ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိအားစိုးမိုးသည့်အရာဟူ သမျှ၏ကျွန်ဖြစ်သောကြောင့်တည်း။- Judson Bible လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင် ပုပ်ပျက်ခြင်း၏ကျွန် ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏သခင် ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုသူတို့အား လွတ်လပ်မှုကိုပေးမည်ဟု ကတိပေးလျက်နှင့် သူတို့ကိုယ်တိုင်သည် ပျက်စီးခြင်း၏ကျေးကျွန်များဖြစ်ကြ၏။ အကြောင်းမူကား လူသည် တစ်စုံတစ်ခု၏အနိုင်ယူစိုးမိုးခြင်းကိုခံရလျှင် ထိုအရာ၏ကျေးကျွန်ဖြစ်၏။ |
နတ်ဆိုးပူးဝင်ခြင်းခံနေရသူသည် ထိုသူတို့အပေါ် ခုန်အုပ်၍ တိုက်ခိုက်အနိုင်ယူသဖြင့် သူတို့သည် ထိခိုက်ဒဏ်ရာရလျက် အဝတ်ဗလာနှင့် ထိုအိမ်မှ ထွက်ပြေးရ၏။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
မာရ်နတ်သည် မိမိအလိုအတိုင်း လိုက်နာစေရန် သူတို့ကို ဖမ်းဆီးထားသော်လည်း သူတို့သည် အသိတရားရ၍ မာရ်နတ်၏ ထောင်ချောက်မှ လွတ်မြောက်နိုင်လိမ့်မည်။
တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။
လွတ်လပ်သူများအဖြစ် နေထိုင်ကြလော့။ သို့ရာတွင် မကောင်းမှုပြုရန် ထိုလွတ်လပ်မှုကို ဆင်ခြေအဖြစ် အသုံးမချဘဲ ဘုရားသခင်၏ကျွန်အဖြစ် ပြုမူနေထိုင်ကြလော့။
ကိုယ်တော်သည် မိမိ၏ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းအားဖြင့် အဖိုးတန်၍ ကြီးမြတ်သောကတိတော်ကို ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဤသည်မှာ ထိုကတိတော်အားဖြင့် သင်တို့အား ဤလောကီတပ်မက်ခြင်းကြောင့် ဖြစ်သည့်ပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဖြစ်ခြင်းသဘော၌ ပါဝင်ပတ်သက်လာစေရန်ဖြစ်၏။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်းကြောင့် လောကီညစ်ညမ်းမှုမှ လွတ်ကင်းပြီးနောက် ထိုအရာနှင့် ပြန်လည်ပတ်သက်မိသဖြင့် အနိုင်ယူစိုးမိုးခံရလျှင် ထိုသူတို့၏ အခြေအနေသည် အစကထက် အဆုံးတွင် ပိုမိုဆိုးရွား၏။