၂ တိ 2:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့ သစ္စာမရှိလျှင်ပင် ကိုယ်တော်သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်သောကြောင့် သစ္စာစောင့်တော်မူလိမ့်မည်။ Common Language Bible ငါတို့သစ္စာဖောက်လျှင်ကိုယ်တော်သည် သစ္စာဖောက်တော်မမူ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မိမိသစ္စာတော်ကိုပယ်ဖျက်တော်မမူနိုင် သောကြောင့်ဖြစ်၏'' Judson Bible ငါတို့သည် မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် သစ္စာမရှိလျှင်လည်း ကိုယ်တော်၏သစ္စာတော်သည် တည်မြဲတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုမငြင်းပယ်နိုင်။ |
အကယ်၍ သူတို့ထဲမှ တချို့သည် မယုံကြည်လျှင် မည်သို့ဆိုမည်နည်း။ သူတို့၏ မယုံကြည်ခြင်းသည် ဘုရားသခင်၏ သစ္စာတော်ကို ပျက်ပြယ်စေနိုင်သလော။
သို့ရာတွင် ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား ပေးခဲ့သောကတိတော်ကို တည်ရန် ပျက်ကွက်တော်မူသလော။ ပျက်ကွက်တော်မမူ။ အဘယ်ကြောင့်ဆိုသော် အစ္စရေးလူမျိုး တစ်မျိုးလုံးသည် ဘုရားသခင်၏ လူမျိုးအစစ်အမှန် ဖြစ်သည်ဟု မဆိုနိုင်သောကြောင့်ဖြစ်၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
သင်တို့ကို ခေါ်တော်မူသောအရှင်သည် သစ္စာရှိသော ဘုရားဖြစ်သောကြောင့် ကတိထားသည့်အတိုင်း ပြုတော်မူမည်။
သို့ရာတွင် သခင်ဘုရားသည် သစ္စာရှိသောအရှင် ဖြစ်တော်မူသည်နှင့်အညီ သင်တို့ကို ကြံ့ခိုင်စေ၍ မာရ်နတ်ထံက ကာကွယ်ပေးတော်မူလိမ့်မည်။
ထာဝရအသက်ရရန်လည်း သူတို့မျှော်လင့်နိုင်ကြမည်။ လိမ်လည်ခြင်းနှင့် ကင်းစင်တော်မူသည့် ဘုရားသခင်သည် ဤထာဝရအသက်ကို ပေးရန် ရှေးယခင်မတိုင်မီကပင် ကတိပြုတော်မူခဲ့၏။
ဘုရားသခင်သည် မည်သည့်အခါမျှ မုသားမပြောသောကြောင့် မပြောင်းလဲသောအရာနှစ်ခုဖြစ်သည့် ကတိပြုခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ထံ ခိုလှုံရာရှာသော ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော မျှော်လင့်ချက်ကို စွဲမြဲစွာခံယူထားနိုင်ရန် အထူးယုံကြည်စိတ်ချကြ၏။