သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
၂ တိ 1:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသတင်းကောင်းအတွက် တရားဟောဆရာ၊ တမန်တော်နှင့် ဆရာအဖြစ် ကျွန်ုပ်ကို ခန့်ထားတော်မူပြီ။ Common Language Bible ဘုရားသခင်သည်ထိုသတင်းကောင်းကို ကြေညာရန် ငါ့ကိုတမန်တော်နှင့်ဆရာ အဖြစ်ခန့်ထားတော်မူ၏။- Garrad Bible သ တင်း တော် မြတ် ကြား ပြော သူ၊ တ မန် တော်၊ ဆ ရာ အ ဖြစ်၌ ခန့် ထား တော် မူ ခြင်း ခံ ရ သည့် အ လျောက်၊ Judson Bible ထိုတရားကို ဟောပြောသောသူအရာ၌လည်းကောင်း၊ တမန်တော်အရာ၌လည်းကောင်း၊ တစ်ပါးအမျိုးသားတို့၏ ဆရာအရာ၌လည်းကောင်း ငါ့ကိုခန့်ထားတော်မူပြီ၊- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုကောင်းမြတ်သောသတင်းအတွက် သံတော်ဆင့်အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ |
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
ကျွန်ုပ်သည် လွတ်လပ်သူဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့၏သခင် ယေရှုကို မြင်ခဲ့ဖူးသူဖြစ်သည် မဟုတ်လော။ သင်တို့သည် သခင်ဘုရားအားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသောအမှုတော်မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။
သူတို့သည် မိမိတို့ပြောဆိုသောအရာများနှင့် မိမိတို့ အသေအချာသွန်သင်နေသောအရာများကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြ၏။
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။