ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
၂ ကော 8:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့အား ပေးကမ်းသည့်အမှုတွင် ပါဝင်ခွင့်ရရန် ကျွန်ုပ်တို့အား အနူးအညွတ်မေတ္တာရပ်ခံကြ၏။ Judson Bible သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှင်းသူတို့အား လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသူတို့အား ဝေမျှခြင်းအမှု၌ ပါဝင်ရသောကျေးဇူးတော်ကိုခံစားရရန် ငါတို့ကို အနူးအညွတ်မေတ္တာရပ်ခံ၍ တောင်းပန်ကြ၏။ |
ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ ထို့ကြောင့် သင်တို့စိတ်ဆန္ဒရှိသည့်အခါတိုင်း သူတို့ကို ကူညီနိုင်၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်။
တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။
ယခုနှစ်ပေါင်းများစွာကြာပြီးနောက် အကျွန်ုပ်သည် မိမိလူမျိုးထဲမှ ဆင်းရဲနွမ်းပါးသောသူတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ဘုရားသခင်အား ပူဇော်စရာများလှူဒါန်းရန် ဂျေရုဆလင်မြို့သို့ ပြန်လာပါ၏။
ယေရှုခရစ်တော်ကို မယုံကြည်သော ယုဒပြည်၌ရှိသည့် လူတို့၏ လက်မှ ကျွန်ုပ်လွတ်ရန်နှင့် ဂျေရုဆလင်မြို့၌ ရှိသည့် ယုံကြည်သူများသည် ကျွန်ုပ်ယူဆောင်လာမည့် အလှူကို လက်ခံလိုသောစိတ် ရှိစေရန် ဆုတောင်းကြလော့။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ကျွန်ုပ်လမ်းညွှန်ထားသကဲ့သို့ သင်တို့သည်လည်း ထိုနည်းအတိုင်း ပြုကြလော့။
ညီအစ်ကိုမောင်နှမတို့… သတေဖနာနှင့် သူ၏ အိမ်သူအိမ်သားတို့သည် ဂရိပြည်တွင် ပထမဆုံး ယုံကြည်သက်ဝင်လာကြသောသူများဖြစ်ပြီး ယုံကြည်သူများကို အစေခံရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများဖြစ်ကြောင်း သင်တို့သိကြ၏။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။
သူတို့၏ တစ်ခုတည်းသော အကြံပြုချက်မှာ ဆင်းရဲသားတို့အား ဆက်၍ သတိရ ကူညီရန် ဖြစ်၏။ ဤအရာသည် ကျွန်ုပ်လုပ်ဆောင်ရန် စိတ်အားထက်သန်နေခဲ့သောအရာ ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။