ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
၂ ကော 7:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တိတုရောက်လာသည့်အတွက်ကြောင့်သာမက သင်တို့ထံမှ နှစ်သိမ့်အားပေးမှုကို တိတုခံစားရကြောင်းကို ကြားရသည့်အတွက်ကြောင့်လည်း ကျွန်ုပ်တို့သည် အားရကြ၏။ တိတုက သင်တို့သည် ကျွန်ုပ်ကို အလွန်တွေ့လိုကြောင်း၊ အလွန်ဝမ်းနည်းကြောင်း၊ ကျွန်ုပ်အတွက် စိတ်အားထက်သန်ကြောင်းစသည်တို့ကို ပြောပြသောကြောင့် ကျွန်ုပ်သည် ပို၍ပင် ဝမ်းမြောက်ရ၏။ Common Language Bible တိတုကသင်တို့သည်ငါ့ကိုအလွန်တွေ့လိုကြ ကြောင်း၊ အလွန်ဝမ်းနည်းလျက်ရှိကြကြောင်းတို့ ကိုပြောပြသဖြင့်ငါသည်ပို၍ပင်ဝမ်းမြောက်၏။ Garrad Bible ငါ့ အ တွက် သင် တို့ လွမ်း တ ခြင်း၊ မြည် တမ်း ခြင်း၊ စိတ် စေ တ နာ ထက် သန် ခြင်း အ ကြောင်း များ ကို ပြန် ကြား စဉ် သင် တို့ ကြောင့် တိ တု ရ သော နှစ် သိမ့် ခြင်း အား ဖြင့် ငါ ၌ ထပ် မံ ရွှင် လန်း ရ ၏။ Judson Bible တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည် မဟုတ်။ တိတုသည် သင်တို့ဆီမှာရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလိုငှာ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည် ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်းမြောက်ခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း တိတုရောက်ရှိလာခြင်းအားဖြင့်သာမက သင်တို့ထံမှ တိတုခံစားရသောနှစ်သိမ့်မှုအားဖြင့်လည်း ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။ တစ်နည်းဆိုသော် သင်တို့သည် ငါ့ကိုလွမ်းဆွတ်နေကြောင်း၊ အလွန်ဝမ်းနည်းနေကြောင်းနှင့် ငါ့အပေါ်စေတနာစိတ်ထက်သန်လျက်ရှိကြောင်းကို ငါတို့အား တိတုပြောပြသောကြောင့် ငါသည် ပို၍ဝမ်းမြောက်၏။ |
ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။
ထိုသို့ တွေ့ဆုံကြသောအခါ ကျွန်ုပ်နှင့် သင်တို့သည် နှစ်ဦးနှစ်ဖက်လုံး၌ရှိသော ယုံကြည်ခြင်းကို ဝေမျှ၍ အပြန်အလှန်အားပေးနိုင်မည်ဖြစ်၏။
ဤသို့ဖြစ်လျက်ပင် သင်တို့သည် မာနထောင်လွှားဆဲရှိကြ၏။ အမှန်တွင်မူ သင်တို့သည် ဝမ်းနည်းပူဆွေးလျက် ထိုသူကို သင်တို့အထဲမှ ထုတ်ပယ်သင့်သည်မဟုတ်လော။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
ဆင်းရဲဒုက္ခအမျိုးမျိုးကို ကျွန်ုပ်တို့ခံရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဆင်းရဲဒုက္ခကြုံသော အခြားသူတို့ကို နှစ်သိမ့်ပေးနိုင်ရန်ဖြစ်၏။
ကျွန်ုပ်စာရေးပို့ရသော အခြားအကြောင်းရင်းမှာ သင်တို့သည် ကျွန်ုပ်၏ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်ကို သိလိုသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို အဝတ်သစ်ကဲ့သို့ ဝတ်ဆင်ရမည့်နေ့အတွက် စိတ်အားထက်သန်စွာ စောင့်မျှော်၍ လက်ရှိကိုယ်ခန္ဓာ၌ ညည်းတွားလျက်နေကြ၏။
သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။
ကျွန်ုပ်ပို့လိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရလျှင်လည်း ကျွန်ုပ်သည် စိတ်မကောင်းမဖြစ်ပါ။ အစဦးတွင် ကျွန်ုပ် စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း ကျွန်ုပ်ရေးလိုက်သောစာကြောင့် သင်တို့ဝမ်းနည်းရသည်မှာ ခဏသာ ဖြစ်သောကြောင့်
သင်တို့အား ကူညီရန် ကျွန်ုပ်၌စိတ်အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသော ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့ထံ မရောက်နိုင်သော်လည်း စိတ်ကမူ ရောက်နေ၏။ သင်တို့သည် စည်းလုံး၍ ခရစ်တော်ကို ခိုင်မြဲစွာ ယုံကြည်ကြသည်ကို ကြားရသောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။
သို့သော် တိမောသေသည် ယခု သင်တို့ထံက ပြန်ရောက်လာပြီး သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းအကြောင်း သတင်းကောင်းကို ယူဆောင်လာ၏။ သင်တို့သည် ကျွန်ုပ်တို့ကို သတိရတိုင်း ကြည်နူးမှုကို ခံစားရပြီး သင်တို့ကို ကျွန်ုပ်တို့တွေ့ဆုံလိုသကဲ့သို့ ကျွန်ုပ်တို့ကို သင်တို့တွေ့ဆုံလိုကြောင်း တိမောသေပြောပြ၏။
သင်တို့သည် ဆက်လက်၍ သခင်ဘုရားကို ခိုင်မာစွာ ယုံကြည်နေသောကြောင့် ယခု ကျွန်ုပ်တို့စိတ်အေးကြရ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် လမ်းမှားမရောက်ရန် ကြားနာရသည့်တရားကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြရမည်။
ဧလိယသည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးဖြစ်၏။ သူသည် မိုးမရွာစေရန်အတွက် စိတ်အားထက်သန်စွာ ဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လတိုင်တိုင် အစ္စရေးပြည်၌ မိုးမရွာခဲ့။
ကျွန်ုပ်တို့အား ခမည်းတော်ပညတ်တော်မူသည့်အတိုင်း သင်၏သားသမီးတချို့သည် သမ္မာတရား၌ ကျင်လည်သည်ကို တွေ့ရသဖြင့် ကျွန်ုပ်အလွန်ဝမ်းမြောက်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။