ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
၂ ကော 5:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဤကိုယ်ခန္ဓာ၌ ရှိနေသည်ဖြစ်စေ၊ စွန့်ခွာသည်ဖြစ်စေ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကိုယ်တော်အား နှစ်သက်စေတော်မူရန် ဖြစ်၏။ Common Language Bible ငါတို့သည်ဤအရပ်၌ရှိသည်ဖြစ်စေ၊ ထို အရပ်၌ရှိသည်ဖြစ်စေငါတို့ကိုစိတ်တော် နှင့်တွေ့ရန်အထူးသဖြင့်လိုလားကြ၏။- Garrad Bible ထို အ ကြောင်း ကြောင့် လည်း ငါ တို့ ရှိ သ မျှ သည် ကိုယ် ခ န္ဓာ အား ဖြင့် အ ကောင်း အ ဆိုး ပြု ကျင့် ခြင်း အ ကျိုး ဆက် ကို အ သီး အ သီး ခံ ရန် ခ ရစ် တော်၏ တ ရား ပ လ္လင် တော့် ရှေ့ ထင် ပေါ် ရ ကြ မည့် အ လျောက် ကိုယ် ခ န္ဓာ ၌ တည် နေ သည် ဖြစ် စေ၊ မ တည် နေ သည် ဖြစ် စေ၊ စိတ် တော် နှင့် တွေ့ စေ ရန် ရည် သန် လျက် နေ ကြ ၏။ Judson Bible ထိုကြောင့် ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှာ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါတို့သည် ကိုယ်ခန္ဓာ၌ရှိသည်ဖြစ်စေ၊ ဝေးကွာလျက်ရှိသည်ဖြစ်စေ ကိုယ်တော်နှစ်သက်တော်မူသောသူဖြစ်မည့်အကြောင်း ရည်မှန်းကြိုးစားကြ၏။ |
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
မည်သည့်လူမျိုးမဆို ဘုရားသခင်အား ကြောက်ရွံ့၍ မှန်ကန်စွာ လုပ်ဆောင်သောသူဖြစ်လျှင် ဘုရားသခင်လက်ခံတော်မူ၏။
ဤသို့သော စိတ်ထားဖြင့် ခရစ်တော်ကို အစေခံသောသူအား ဘုရားသခင်နှစ်သက်တော်မူ၏။ လူတို့ကလည်း ချီးမွမ်းကြ၏။
ကျွန်ုပ်တို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက် ရှင်၏။ သေလျှင်လည်း သခင်ဘုရားအတွက် သေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ကျွန်ုပ်တို့သည် သခင်ဘုရားပိုင်သောသူများ ဖြစ်ကြ၏။
ကျွန်ုပ်၏ ပြင်းပြသောဆန္ဒမှာ အခြားတစ်ဦးတည်ထောင်ထားသော အသင်းတော်ရှိရာ ဒေသထက် ခရစ်တော်၏အမည်နာမကို မကြားဖူးသေးသော ဒေသ၌ သတင်းကောင်းကို ဟောပြောရန်ဖြစ်၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ထို့ကြောင့် ကျွန်ုပ်တို့သည် အစဉ် စိတ်ချယုံကြည်မှုရှိကြ၏။ ဤခန္ဓာ၌ ရှိနေသရွေ့ သခင်ဘုရား၏ အိမ်တော်နှင့် ဝေးကွာကြောင်းကိုလည်း သိကြ၏။
ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိ၍ ဤကိုယ်ခန္ဓာကို စွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန် လိုလားကြ၏။
ထို့ကြောင့် ချစ်တော်မူသော သားတော်အားဖြင့် ကျွန်ုပ်တို့ကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုန်းကြီးသောကျေးဇူးတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းကြရမည်ဖြစ်၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
ထိုအတွက်ကြောင့် ကျွန်ုပ်အထဲ၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်၏ တန်ခိုးကြီးသော လုပ်ဆောင်မှုအပေါ် မူတည်၍ ကျွန်ုပ်ကြိုးပမ်းလုပ်ဆောင်နေ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ထို့ပြင် ကျွန်ုပ်တို့ သွန်သင်ခဲ့သည်အတိုင်း သင်တို့သည် တည်ငြိမ်အေးချမ်းစွာ နေထိုင်ရန် ရည်မှန်းချက်ထား၍ မိမိတို့အရေးကိစ္စများကို အာရုံစိုက်လျက် မိမိတို့လက်ဖြင့် လုပ်ဆောင်လော့။
သို့ဖြစ်၍ လူအပေါင်းတို့၏ ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားမျှော်လင့်သည်ဖြစ်၍ ကျွန်ုပ်တို့သည် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုစံမြန်းနားခိုရာနေရာသို့ ဝင်ရန် ကြိုးစားကြစို့။ ထိုသို့မဟုတ်လျှင် တစ်ချိန်က အစ္စရေးလူမျိုးတို့သည် မနာခံသောကြောင့် ထိုစံမြန်းနားခိုရာနေရာသို့ မဝင်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဝင်နိုင်ကြမည် မဟုတ်။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ဤအရာများကို မျှော်လင့်နေသည်ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းလျက် ငြိမ်းချမ်းစွာ ရှိနိုင်ရန် ကြိုးစားအားထုတ်ကြလော့။