အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
၂ ကော 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကို ရှင်စေသည့်သန့်ရှင်းသောဝိညာဉ်တော်၏ တရားသည် မည်မျှပို၍ ဘုန်းအသရေနှင့် ပြည့်စုံလိမ့်မည်နည်း။ Common Language Bible ဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့်ဆိုင်သော ဘုန်းအသရေသည်အဘယ်မျှသာလွန် တောက်ပလိမ့်မည်နည်း။- Garrad Bible ဝိ ညာဉ် တော့် ဆိုင် ရာ ဝတ် နည်း သည် ဘုန်း ထူး နှင့် တ ကွ တည် မည် မ ဟုတ် လော။ Judson Bible ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်နှင့်ဆိုင်သောအမှုသည် မည်မျှပို၍ ဘုန်းအသရေနှင့်ပြည့်စုံလိမ့်မည်နည်း။ |
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ယေရှုမိန့်တော်မူသော အသက်စမ်းရေသည် ယုံကြည်သောသူတို့ လက်ခံရရှိမည့် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့အပေါ် သက်ရောက်စေတော်မမူသေးပေ။
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်တော်မူပြီး သခင်ဘုရား၏ ဝိညာဉ်တော်ရှိသော အရပ်၌ လွတ်လပ်မှုရှိ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပဋိညာဉ်သစ်၏ အမှုကိုဆောင်ရွက်နိုင်သော စွမ်းရည်ကို ပေးတော်မူ၏။ ထိုပဋိညာဉ်သည် စာဖြင့် ရေးသားထားသောပညတ်တရားမဟုတ်၊ ဝိညာဉ်တော်နှင့်ဆိုင်သောတရားဖြစ်၏။ စာဖြင့် ရေးသားထားသောပညတ်တရားသည် အသက်ကို သေစေ၏။ ဝိညာဉ်တော်ကမူ အသက်ကို ရှင်စေတော်မူ၏။
ကျောက်ပြားပေါ်တွင် ရေးထွင်းထားသည့် သေခြင်းနှင့်ဆိုင်သောတရားကို ပေးအပ်တော်မူစဉ် ဘုရားသခင်၏ ဘုန်းရောင်ခြည်ထွန်းတောက်တော်မူ၏။ ထိုဘုန်းရောင်ခြည်သည် မောရှေ၏ မျက်နှာ၌ ထင်ဟပ်၍ ထိုထင်ဟပ်ခြင်းမှာ တဖြည်းဖြည်းမှေးမှိန်လာသော်လည်း အစ္စရေးလူမျိုးတို့သည် မောရှေ၏ မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြပေ။ သေခြင်းနှင့်ဆိုင်သော တရားသည် ဤကဲ့သို့သော ဘုန်းအသရေနှင့် ပြည့်စုံလျှင်
ပြစ်ဒဏ်ချမှတ်စေခြင်းနှင့်ဆိုင်သော တရားသည် ဘုန်းအသရေနှင့် ပြည့်စုံလျှင် ဖြောင့်မတ်စေခြင်းနှင့်ဆိုင်သောတရားသည် ပို၍ ဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
ကျွန်ုပ်တို့မှာမူ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကတိပြုတော်မူသော ဖြောင့်မတ်ခြင်းကို လက်ခံရရှိမည်ဟု မျှော်လင့်၍ ဝိညာဉ်တော်ကို အမှီပြုလျက် စောင့်မျှော်နေကြ၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းနှင့် သမ္မာတရားကို ယုံကြည်ခြင်းတို့ဖြင့် ကယ်တင်ခံရရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစုတွင် ပါဝင်သောကြောင့် ဖြစ်၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။