၂ ကော 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ပြစ်ဒဏ်ချမှတ်စေခြင်းနှင့်ဆိုင်သော တရားသည် ဘုန်းအသရေနှင့် ပြည့်စုံလျှင် ဖြောင့်မတ်စေခြင်းနှင့်ဆိုင်သောတရားသည် ပို၍ ဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible9 အပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာတရားသည် ဘုန်းအသရေနှင့်ပြည့်စုံပါလျှင် ကယ်တင် ခြင်းဆိုင်ရာလုပ်ဆောင်ချက်သည်အဘယ် မျှသာလွန်၍ ဘုန်းအသရေနှင့်ပြည့်စုံ လိမ့်မည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible9 အ ပြစ် စီ ရင် ခြင်း ဆိုင် ရာ ဝတ် နည်း သည် ဘုန်း ပွင့် လျှင် တ ရား သေ လွှတ် ခြင်း ဆိုင် ရာ ဝတ် နည်း သည် ဘုန်း ထူး ပွင့် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 အပြစ်စီရင်တတ်သော တရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရားသည် ဘုန်းအာနုဘော်နှင့် သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အကြောင်းမူကား အပြစ်ကိုထင်ရှားစေသည့်အမှု၌ ဘုန်းအသရေရှိလျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမှုသည် သာ၍ကြီးမားသောဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။