တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
၂ ကော 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့ထံသို့ လာ၍ သင်တို့အား ဝမ်းနည်းစေမည့် အဖြစ်မျိုးကို နောက်ထပ်မပြုရန် ကျွန်ုပ်ဆုံးဖြတ်ထား၏။ Common Language Bible ထို့ကြောင့်သင်တို့ထံနောက်တစ်ဖန်ငါလာလျှင် သင်တို့အားဝမ်းနည်းစေမည်ဖြစ်၍ငါမလာ ရန်စိတ်ပိုင်းဖြတ်ထား၏။- Garrad Bible ငါ သည် သင် တို့ ထံ ပူ ပန် ခံ ရန် ပြန် လာ မည် မ ဟုတ် ဟု စိတ် ပြ ဋ္ဌာန်း ခဲ့၏။ Judson Bible ထိုမှတစ်ပါး၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တစ်ဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် သင်တို့ထံသို့လာ၍ သင်တို့ကိုဝမ်းနည်းစေသည့်အဖြစ်မျိုးကို နောက်တစ်ဖန်မဖြစ်စေရန် ငါဆုံးဖြတ်ထား၏။ |
တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
ထို့ကြောင့် ပေါလုနှင့် ဗာနဗသည် ထိုသူတို့နှင့် အပြင်းအထန်ဆွေးနွေးငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများသည် ဤပြဿနာကို ဖြေရှင်းရန် ပေါလုနှင့် ဗာနဗတို့အား သူတို့အထဲမှလူအချို့နှင့်တကွ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသင်းတော်အကြီးအကဲများထံ သွားရန် ဆုံးဖြတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သော ယေရှုခရစ်တော်၏အကြောင်းမှလွဲ၍ အခြားမည့်သည့်အရာကိုမျှ မသိသကဲ့သို့နေရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့ထံ တုတ်နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် နူးညံ့သောစိတ်ဖြင့် လာရမည်လော။ မည်သည့်အရာကို သင်တို့ ရွေးချယ်လိုသနည်း။
ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိနေသကဲ့သို့ ထိုဆိုးသောအမှုကို ပြုသူကို သခင်ယေရှုနာမအားဖြင့် စီရင်ပြီ။ သို့ဖြစ်၍ သင်တို့ စည်းဝေးကြသောအခါ ကျွန်ုပ်၏စိတ်ဝိညာဉ်သည် သင်တို့နှင့်အတူရှိနေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏သခင် ယေရှု၏ တန်ခိုးတော်သည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။
ကောရိန္သုမြို့သို့ ကျွန်ုပ် ပြန်မလာရခြင်းအကြောင်းရင်းမှာ ကျွန်ုပ်၏ ပြင်းထန်သောဆုံးမခြင်းမှ သင်တို့ကို လွတ်စေလိုသောကြောင့်ဖြစ်ကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ်ပြော၏။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
ကျွန်ုပ်သည် အလွန်စိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များဖြင့် ထိုစာကိုရေးခဲ့၏။ သင်တို့ကို ဝမ်းနည်းစေလိုသောကြောင့် မဟုတ်ဘဲ သင်တို့ကို ကျွန်ုပ် မည်မျှချစ်ကြောင်းကို သိစေလိုသောကြောင့် ရေးခဲ့ခြင်းဖြစ်၏။
အာတေမ၊ သို့မဟုတ် တုခိတ်ကို သင့်ထံသို့ ကျွန်ုပ်စေလွှတ်မည်။ ကျွန်ုပ်သည် နိကောပလိမြို့၌ ဆောင်းရာသီကို ဖြတ်သန်းရန် ဆုံးဖြတ်ထားသည်ဖြစ်၍ သူတို့ရောက်သောအခါ ကျွန်ုပ်ထံသို့ လာရန်ကြိုးစားလော့။