ထို့ပြင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့အတွက်လည်း အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။ သို့သော် အာဗြဟံအရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီက ရှိခဲ့သောယုံကြည်ခြင်းမျိုးသည် ထိုသူတို့၌ ရှိရမည်ဖြစ်၏။
၂ ကော 12:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် တိတုကို သင်တို့ထံ သွားရန် တိုက်တွန်း၍ သူနှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်ခဲ့၏။ တိတုသည် သင်တို့အပေါ် အမြတ်ထုတ်ခဲ့ဖူးသလော။ ကျွန်ုပ်တို့သည် စိတ်သဘောချင်းတူ၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်မဟုတ်လော။ Common Language Bible ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။ Garrad Bible ငါ နှိုး ဆော် ခဲ့ သူ တိ တု နှင့် တ ကွ ဆို ခဲ့ သော ညီ အစ် ကို ကို ငါ စေ လွှတ် ရာ တိ တု တင် စား သ လော။ ငါ တို့ သည် တစ် မျိုး တည်း သော သ ဘော၊ တစ် မျိုး တည်း သော ခြေ ရာ စဉ် များ၌ လျှောက် လိုက် ခဲ့ ကြ သည် မ ဟုတ် လော။ Judson Bible တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွ အခြားသော ညီတစ်ယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကို ယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့်ကြသည် မဟုတ်လော။ တစ်လမ်းတည်း လိုက်ကြသည် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် တိတုကို သင်တို့ထံသို့လာရန် တိုက်တွန်း၍ သူနှင့်အတူ ညီအစ်ကိုတစ်ဦးကိုစေလွှတ်ခဲ့၏။ တိတုသည် သင်တို့ကို အမြတ်ထုတ်ခဲ့သလော။ ငါတို့သည် တူညီသောစိတ်သဘောဖြင့် ခြေရာတစ်ထပ်တည်းလျှောက်လှမ်းခဲ့ကြသည် မဟုတ်လော။ |
ထို့ပြင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့အတွက်လည်း အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။ သို့သော် အာဗြဟံအရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီက ရှိခဲ့သောယုံကြည်ခြင်းမျိုးသည် ထိုသူတို့၌ ရှိရမည်ဖြစ်၏။
ကျွန်ုပ်သည် သင်တို့ထံ တုတ်နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် နူးညံ့သောစိတ်ဖြင့် လာရမည်လော။ မည်သည့်အရာကို သင်တို့ ရွေးချယ်လိုသနည်း။
ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။
သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။
ထို့ကြောင့် တိတုသည် သင်တို့အထဲ၌ ဤလှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်အားလျော်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် သူ့အား ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။