ထိုနည်းတူ သင်တို့သည်လည်း သင်တို့ဆောင်ရွက်ရမည့် အရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် ထိုက်တန်သောအစေခံများမဟုတ်ပါ။ မိမိတို့ဆောင်ရွက်ရမည့်တာဝန်များကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံရမည်” ဟူ၍ မိန့်တော်မူ၏။
၂ ကော 12:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။ Common Language Bible ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။- Garrad Bible ငါ သည် သင် တို့ ကြောင့် ဉာဏ် မဲ့ သူ မ ဖြစ် ဘဲ မ နေ နိုင်။ မ ရေ ရာ သူ ဖြစ် စေ ဦး၊ မည် သည့် အ ရာ၌ မျှ ထို သို့ ထူး ချွန် သော တ မန် တော် တို့ အောက် မ နိမ့် သော ကြောင့် သင် တို့ ထောက် ခံ သင့် ကြ၏။ Judson Bible ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ငါ့ကို အနိုင်အထက်ဖြစ်စေကြပြီ။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့်၏။ ငါသည် ဘာမျှမဟုတ်သော်လည်း၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။ |
ထိုနည်းတူ သင်တို့သည်လည်း သင်တို့ဆောင်ရွက်ရမည့် အရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် ထိုက်တန်သောအစေခံများမဟုတ်ပါ။ မိမိတို့ဆောင်ရွက်ရမည့်တာဝန်များကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံရမည်” ဟူ၍ မိန့်တော်မူ၏။
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ပေတရုဖြစ်စေ၊ ဤလောကဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ အရာအားလုံးကို သင်တို့ပိုင်ဆိုင်၏။
ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံရလျှင် ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်နှင့် ကယ်တင်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ နှစ်သိမ့်ခံရလျှင်လည်း ထိုအရာသည် သင်တို့နှစ်သိမ့်ခံရရန်အတွက်ဖြစ်၏။ ကျွန်ုပ်တို့ ခံရသောဆင်းရဲဒုက္ခမျိုးကို သင်တို့ ကြုံတွေ့ရသောအခါ ထိုနှစ်သိမ့်ခြင်းသည် သင်တို့အား သည်းခံနိုင်စွမ်းကို ဖြစ်စေ၏။
ကျွန်ုပ်၏ အနည်းငယ်သော မိုက်မဲမှုကို သင်တို့သည်းခံပေးလိမ့်မည်ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်ကို သည်းခံပေးကြပါလော့။
ကျွန်ုပ်တမန်တော်ဖြစ်ကြောင်းကို သင်တို့နှင့်အတူရှိစဉ် လက္ခဏာများနှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်သည် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များနှင့် အံ့ဖွယ်တန်ခိုးများဖြင့် သင်တို့အား စိတ်ရှည်စွာ ပြခဲ့၏။
ကျွန်ုပ်ကြွားဝါလိုလျှင်လည်း အမှန်ကိုသာ ပြောဆိုမည်ဖြစ်သောကြောင့် မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူကမျှ ကျွန်ုပ်ကို မြင်ရသည်ထက်၊ သို့မဟုတ် ကျွန်ုပ်ထံက ကြားရသည်ထက် ပို၍ အထင်မကြီးမိစေရန် ကျွန်ုပ်မကြွားဝါဘဲနေမည်။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ပြန်၍ ထောက်ခံချီးမွမ်းရာ ရောက်သလော။ ကျွန်ုပ်တို့သည် အခြားသူများကဲ့သို့ သင်တို့ထံ ထောက်ခံစာယူလာရန် လိုအပ်သလော။ သို့မဟုတ် သင်တို့ရေးပေးသော ထောက်ခံစာကို လိုအပ်သလော။
ကျွန်ုပ်တို့သည် စိတ်ဖောက်ပြန်နေလျှင် ထိုအရာသည် ဘုရားသခင်အတွက် ဖြစ်၏။ စိတ်မှန်နေလျှင် သင်တို့အတွက်ဖြစ်၏။
တစ်စုံတစ်ယောက်သည် အရေးပါသူမဟုတ်ပါလျက်နှင့် မိမိကိုယ်ကိုယ်အရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်