Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 3:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကျွန်ုပ်တို့​သည် မိမိကိုယ်ကိုယ် ပြန်​၍ ထောက်ခံ​ချီးမွမ်း​ရာ ရောက်သလော။ ကျွန်ုပ်တို့​သည် အခြားသူများ​ကဲ့သို့ သင်တို့​ထံ ထောက်ခံစာ​ယူလာ​ရန် လိုအပ်သလော။ သို့မဟုတ် သင်တို့​ရေးပေးသော ထောက်ခံစာ​ကို လိုအပ်သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဤ​သို့​ဆို​ရာ​၌​ငါ​တို့​သည်​ဝါ​ကြွား​ရာ ရောက်​သ​လော။ အ​ချို့​သော​သူ​တို့​ကဲ့​သို့ ငါ​တို့​သည်​ထောက်​ခံ​စာ​များ​ကို​သင်​တို့ အား​ပေး​ရန်​လို​သ​လော။ သို့​တည်း​မ​ဟုတ် သင်​တို့​ထံ​မှ​ငါ​တို့​ထောက်​ခံ​စာ​များ​ကို တောင်း​ရန်​လို​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို သို့ ဆို ရာ၌ ငါ တို့ သည် ကိုယ် ကို ထောက် ခံ ရာ ရောက် ပြန် ကြ သ လော။ သင် တို့ ထံ သို့ ဖြစ် စေ၊ သင် တို့ ထံ မှ ဖြစ် စေ၊ အ ချို့ တို့ ကဲ့ သို့ အ ထောက် အ ခံ လက် မှတ် များ ကို လို ကြ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ငါ​တို့​သည် တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သ​လော။ သို့​မ​ဟုတ် ချီး​မွမ်း​သော​စာ​ကို သင်​တို့​ထံ​သို့ သူ​တစ်​ပါး ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် သူ​တစ်​ပါး​ထံ​သို့ ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​သည် အ​ချို့​သော​သူ​ကဲ့​သို့ အ​လို​ရှိ​ကြ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​တို့​သည် တစ်ဖန် မိမိကိုယ်ကို​ထောက်ခံ​ချီးကျူး​နေ​ကြ​သလော။ သို့မဟုတ်​လျှင် ငါ​တို့​သည် အခြား​သော​သူ​များ​ကဲ့သို့ သူတစ်ပါး​ထောက်ခံ​ပေး​သော​စာ၊ သို့မဟုတ် သင်​တို့​ထောက်ခံ​ပေး​သော​စာ​ကို လိုအပ်​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 3:1
13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် အခါယပြည်​သို့ သွားလို​သဖြင့် ယုံကြည်သူများ​က သူ့​အား ခွန်းအားပေး​လျက် ထို​ပြည်​၌​ရှိသော တပည့်တော်တို့သည် သူ့​ကို လက်ခံ​ရန် အမှာစာပို့​ကာ နိုးဆော်ကြ၏။ ထို​ပြည်​သို့ ရောက်​လျှင် ကျေးဇူးတော်​အားဖြင့် ယုံကြည်လာသူတို့​အား များစွာ​အထောက်အပံ့ပေး၏။


ကင်ခြေမြို့​ရှိ အသင်းတော်​၏ အမှုတော်လုပ်ငန်း​ကို ဆောင်ရွက်နေသော ကျွန်ုပ်တို့​၏​နှမ ဖိဗေ​ကို သင်တို့​နှင့် မိတ်ဆက်​ပေးလိုက်ပါ၏။


ကျွန်ုပ်​ရောက်လာ​သောအခါ သင်တို့​၏ အလှူငွေ​ကို ဂျေရုဆလင်မြို့​သို့ ယူဆောင်သွား​ရန် သင်တို့​ရွေးချယ်သော​သူတို့​အား စာ​နှင့် လွှတ်လိုက်မည်။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


သင်တို့​အား ခရစ်တော်​အကြောင်း​ကို သင်ပေးမည့်​ဆရာပေါင်း တစ်သောင်း ရှိ​လျှင်​ပင် ဝိညာဉ်ရေးရာ​ဖခင်​မှာ တစ်ဦးတည်း​ရှိ၏။ ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှု​ခရစ်တော်​၌ သင်တို့​၏​ဖခင်​ဖြစ်လာ၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ချီးမွမ်းတတ်သော​သူတို့​နှင့် တန်းတူ​သတ်မှတ်​ရန်၊ သို့မဟုတ် နှိုင်းယှဉ်​ရန် မဝံ့ရဲပါ။ ထို​သူတို့​သည် မိမိကိုယ်ကိုယ် စံထား​ပြီး မိမိကိုယ်ကိုယ် တိုင်းတာ​ကာ အချင်းချင်း​ကြား၌​သာ နှိုင်းယှဉ်​၍ ပညာမဲ့​လျက်​ရှိကြ၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​နှစ်သက်တော်မူသော​သူ​သည် မိမိကိုယ်ကိုယ် ချီးမွမ်းသော​သူ​မဟုတ်ဘဲ ကိုယ်တော်​က ချီးမွမ်းသော​သူ​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။


ထို့ကြောင့် သင်တို့​ကို ဖြိုဖျက်​ရန်အတွက် မဟုတ်ဘဲ တည်ဆောက်​ရန်အတွက် ကျွန်ုပ်တို့​အား သခင်ဘုရား​ပေးသော အခွင့်အာဏာ​ကို​အကြောင်းပြု​လျက် အနည်းငယ်​ပို၍ ကြွားဝါ​မိ​လျှင်ပင် မရှက်ပါ။


သင်တို့​သည် ကျွန်ုပ်​ကို မိုက်မဲသောသူ​ဖြစ်​စေရန် တွန်းပို့​သဖြင့် ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်လာရပြီ။ အမှန်​တွင်မူ သင်တို့​သည် ကျွန်ုပ်​ကို ချီးမွမ်း​သင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သာမညလူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်များ​ထက် အနည်းငယ်​မျှ မညံ့​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် လူများစွာ​ကဲ့သို့ ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို မိမိ​ကိုယ်ကျိုး​အတွက် လှည့်လည်​ရောင်းစားသော​သူများ​မဟုတ်ကြပါ။ ကျွန်ုပ်တို့​သည် ဘုရားသခင်​ထံမှ စေလွှတ်ခံရသူများ​အဖြစ် ဘုရားသခင်​ရှေ့တော်​၌ ခရစ်တော်​၏ အခွင့်​နှင့် ရိုးသား​စွာ ဟောပြောကြ၏။


ကျွန်ုပ်တို့​သည် သင်တို့​ရှေ့​၌ တစ်ဖန် မိမိကိုယ်ကိုယ် ထောက်ခံ​ချီးမွမ်းနေကြသည်​မဟုတ်။ ကျွန်ုပ်တို့​အတွက် သင်တို့​ဂုဏ်ယူ​နိုင်ရန် အခွင့်​ပေးနေခြင်း​သာ​ဖြစ်၏။ သို့မှသာ အတွင်း​စိတ်​ကို မကြည့်ဘဲ အပြင်ပန်း​သဏ္ဌာန်​ကိုသာ ကြည့်​၍ ဂုဏ်ယူတတ်သော​သူတို့​၏ စကား​ကို သင်တို့​ချေပ​နိုင်မည်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ