တချို့က “ပေါလု၏ စာများသည် ဩဇာပါ၍ အထင်ကြီးဖွယ်ဖြစ်သော်လည်း လူချင်းတွေ့လျှင် သူသည် သတ္တိနည်း၍ အဟောအပြောလည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။
၂ ကော 11:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သင်တို့အား ထိုသို့ပြုရန် သတ္တိနည်းကြောင်း ကျွန်ုပ်ရှက်ရွံ့စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာအတွက် ကြွားဝါဝံ့ပါက ကျွန်ုပ်သည်လည်း ကြွားဝါဝံ့သည်ဟု မိုက်မဲစွာ ဆိုရပေမည်။ Common Language Bible ငါတို့သည်ဤသို့သောအမှုတို့ကိုသင်တို့အား ပြုရန်သတ္တိမရှိကြောင်းကိုရှက်ရှက်နှင့်ပင်ငါ ဝန်ခံ၏။ သို့ရာတွင်လူမိုက်အနေနှင့်ပြောရမည်ဆိုလျှင် အကယ်၍တစ်စုံတစ်ယောက်ကအရာတစ်ခု အတွက်ကြွားဝါပါကငါလည်းကြွားဝါ နိုင်၏။- Garrad Bible ငါ တို့ သည် ထို သို့ မ တတ် နိုင် ကြောင်း အ ရှက် နှင့် ဝန် ခံ၏။ သို့ ရာ တွင် ဉာဏ် မဲ့ သူ အ နေ နှင့် ငါ ဆို ရ လျှင် မည် သည့် အ ရာ၌ မ ဆို သူ တစ် ထူး ရဲ ဝံ့ က ငါ လည်း ရဲ ဝံ့ ၏။ Judson Bible ငါတို့သည်အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။ |
တချို့က “ပေါလု၏ စာများသည် ဩဇာပါ၍ အထင်ကြီးဖွယ်ဖြစ်သော်လည်း လူချင်းတွေ့လျှင် သူသည် သတ္တိနည်း၍ အဟောအပြောလည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။
ကျွန်ုပ်၏ အနည်းငယ်သော မိုက်မဲမှုကို သင်တို့သည်းခံပေးလိမ့်မည်ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်ကို သည်းခံပေးကြပါလော့။
ဤကဲ့သို့ စိတ်ချယုံကြည်မှုဖြင့် ပြောဆိုခြင်းမှာ သခင်ဘုရား၏စံနှုန်းအရ ပြောဆိုခြင်းမဟုတ်။ မိုက်မဲသောသူကဲ့သို့ ကြွားဝါခြင်းဖြစ်၏။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်းပြောခံရခြင်းနှင့် မကောင်းပြောခံရခြင်းအားဖြင့်လည်းကောင်း အရာရာတို့၌ ဘုရားသခင်၏ အစေခံများဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့သည် လှည့်ဖြားသူများအဖြစ် သတ်မှတ်ခံရသော်လည်း ဖြောင့်မှန်သောသူများဖြစ်ကြ၏။