သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
၂ ကော 11:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။ Common Language Bible ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။- Judson Bible အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှာ၊ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။ |
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ခရစ်တော်နှင့်အတူ သေသဖြင့် ပညတ်တရားအောက်၌ အသက်ရှင်ရသောဘဝကိုလည်း အဆုံးသတ်ပြီဖြစ်၏။ ယခု သင်တို့သည် ဘုရားသခင်အတွက် ကောင်းသောအကျင့်ကို ကျင့်နိုင်ရန် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော အရှင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြ၏။
သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။
သခင်ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောဘုရားသခင်သည် ကျွန်ုပ်တို့ကိုလည်း ယေရှုထမြောက်တော်မူသည်နည်းတူ ထမြောက်စေပြီးလျှင် သင်တို့နှင့်အတူ ရှေ့တော်မှောက်သို့ ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သင်တို့အတွက် ကျွန်ုပ်ကြိုးစားလုပ်ဆောင်ခဲ့သော အရာများ အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိုးရိမ်၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ မေတ္တာကရုဏာမျိုးဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ကျွန်ုပ်တို့သည် လူတိုင်းကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေ၍ ရင့်ကျက်သောသူများအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ရှိသမျှသောဉာဏ်ပညာဖြင့် လူတိုင်းကို သွန်သင်လျက် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူဆက်ဆံသကဲ့သို့ ကျွန်ုပ်တို့သည် သင်တို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူဆက်ဆံကြ၏။
ဤလူတို့သည် အမျိုးသမီးများနှင့် မေထုန်အမှု မညစ်ညူးသည့် လူပျိုစင်များဖြစ်ပြီး သိုးသငယ်တော် သွားလေရာအရပ်သို့ လိုက်ပါသူများဖြစ်ကြ၏။ ထိုသူတို့သည် ဘုရားသခင်နှင့် သိုးသငယ်တော်အတွက် အဦးဆုံးသောအသီးကဲ့သို့ ပူဇော်ခံရရန် လူတို့ထဲမှ ရွေးနုတ်ကယ်တင်ခံထားရသောသူများလည်း ဖြစ်ကြ၏။