ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
၂ ကော 11:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း များစွာသောသူတို့သည် လောကီစံနှုန်းအတိုင်း ကြွားဝါကြသောကြောင့် ကျွန်ုပ်သည်လည်း ကြွားဝါမည်။ Common Language Bible သို့သော်လူအများကလောကီအရာများ အတွက်ကြွားဝါတတ်ကြသည်ဖြစ်ရာ ငါ သည်လည်းကြွားဝါမည်။- Garrad Bible အ များ တို့ က ရုပ် ခ န္ဓာ အ လျောက် ဂုဏ် တင် ကြ သည် ဖြစ်၍ ငါ လည်း ဂုဏ် တင် ဦး အံ့။ Judson Bible လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွားသောကြောင့် ငါသည်လည်းဝါကြွားရ၏။- မြန်မာ့စံမီသမ္မာကျမ်း လူများစွာတို့သည် ဇာတိသဘောဖြင့် ဝါကြွားကြသည်ဖြစ်၍ ငါသည်လည်း ဝါကြွားမည်။ |
ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ကြောင့် မိုက်မဲသောသူများဖြစ်ကြ၏။ သင်တို့မှာမူ ခရစ်တော်အတွက်ကြောင့် အလွန်ပညာရှိကြ၏။ ကျွန်ုပ်တို့သည် အားနည်း၍ သင်တို့မှာမူ အလွန်ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့သည် ဂုဏ်သရေမဲ့ကြ၍ သင်တို့မှာမူ အလွန်ဂုဏ်သရေရှိကြ၏။
ဤသို့ စီစဉ်သောအခါ ကျွန်ုပ်သည် ပေါ့ပေါ့တန်တန်စီစဉ်သည်ဟု သင်တို့ထင်သလော။ ကျွန်ုပ်သည် အစီအစဉ်များကို ချမှတ်ရာတွင် တစ်ချိန်တည်း၌ “ဟုတ်၏” ဟူ၍လည်းကောင်း၊ “မဟုတ်ပါ” ဟူ၍လည်းကောင်း စကားနှစ်ခွဖြင့် ပြောဆိုတတ်သော လောကီသားများနှင့် တူသလော။
သို့ရာတွင် ကျွန်ုပ်တို့ကဲ့သို့ လုပ်ဆောင်သည်ဟူသော တန်းတူကြွားဝါခွင့်ကို ရလိုသောသူတို့အား ထိုအခွင့်ကို မရစေရန် ဆက်၍ သင်တို့ထံမှ ထောက်ပံ့ငွေကို ကျွန်ုပ်လက်ခံမည်မဟုတ်။
ကြွားဝါခြင်းသည် အကျိုးမရှိသော်လည်း ကျွန်ုပ်ဆက်၍ ကြွားဝါရမည်။ ယခုတွင်မူ သခင်ဘုရားထံမှ ရူပါရုံနှင့် ဗျာဒိတ်တော်အကြောင်းကို ပြောဦးမည်။
သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။
ထို့ကြောင့် ကျမ်းစာ၌ “လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဂုဏ်အသရေသည်လည်း မြက်ပွင့်ကဲ့သို့ ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့၍ အပွင့်သည်လည်း ကြွေတတ်၏။