အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ သက် 3:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘုရားသခင်​ရှေ့တော်​တွင် သင်တို့​ကြောင့် ကျွန်ုပ်တို့​ဝမ်းမြောက်ရ၏။ သင်တို့​အတွက် ဘုရားသခင်​ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်​နိုင်မည်နည်း။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​အ​တွက်​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ကို​အ​ကြောင်း​ပြု​၍​ရှေ့​တော်​တွင်​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ရ​ရှိ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ငါ​တို့​ချီး​မွမ်း​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ တို့ ဘု ရား သ ခင့် ရှေ့ တော် တွင် သင် တို့ အ တွက် ရွှင် လန်း ရ သ မျှ နှင့် စပ်၍ ဘု ရား သ ခင် အား ကျေး ဇူး တော် ချီး မွမ်း ရာ ကို မည် သို့ ပြန် ဆပ် နိုင် အံ့ နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​တို့၏ ဘု​ရား​သ​ခင်​ရှေ့၌ သင်​တို့၏​အ​ကြောင်း​ကြောင့် ငါ​တို့​ခံ​ရ​သော ဝမ်း​မြောက်​ခြင်း​အ​ပေါင်း​ကို ထောက်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​ဘယ်​သို့ ဆပ်​နိုင်​သ​နည်း။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​တို့​၏​ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​ကြောင့် ငါ​တို့​ခံစားရ​သော ဤ​ဝမ်းမြောက်​ခြင်း​အားလုံး​ကို​ထောက်​၍ သင်​တို့​အတွက် ဘုရားသခင်​ကို မည်ကဲ့သို့​ကျေးဇူး​တုံ့ပြန်​နိုင်​ပါ​မည်နည်း။

အခန်းကိုကြည့်ပါ။



၁ သက် 3:9
17 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


ပြော​၍ မကုန်​နိုင်အောင်​ဖြစ်သော ဘုရားသခင်​၏ ဆုကျေးဇူးတော်​အတွက် ချီးမွမ်းကြပါစို့။


သခင်​ယေရှု ပြန်ကြွလာသည့်​အချိန်​တွင် ကိုယ်တော်​ရှေ့​၌ ကျွန်ုပ်တို့​၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ​ဆုသရဖူ​သည် မည်သည့်​အရာ ဖြစ်မည်နည်း။ သင်တို့​ပင် ဖြစ်သည်​မဟုတ်လော။